Unicode
မိုးဦးမောင် ဟော်တယ်ရောက်တော့ ဒူးထောက်နေတဲ့ မိန်းကလေး တစ်ဦး နောက်ကနေကြည့်တော့ တူသလိုလို ဘေးနားမှာလဲ အမျိုးသားတစ်ယောက် ဒူးထောက်လျက် ထို့အတူ သူငယ်ချင်း နန္ဒ နောက် အတွင်းရေးမှုး မောင်ဦးချို နောက်ထပ် ကိုနေမင်း စုံလင်စွာတွေ့လိုက်ရတယ်
ကိုကိုကတော့ ခြေထောက်ချိတ်လျက် ခက်မဲ့မဲ့ ဒူးထောက်နေတဲ့သူတွေကို ကြည့်နေလျက်
"ကိုကို "
"ဪ မောင်လာပြီလား "
"ဟုတ် ဒါဘယ်သူ ဟင် ပန်းချီ တောက် ဟိုကောင် ဟ အကြံကုန် ဂဠုန်စားချက်တာပေါ့ ဟုတ်လား ကိုကို ဘာဖြစ်သေးလဲ "
"ကိုကို ဘာမှ မဖြစ်ဘူး ဟိုတစ်ယောက်ဘဲ ဖြစ်နေတာ "
"ဟင် တော်သေးတယ် ကိုကိုဘာမှ မဖြစ်လို့ "
"ကိုရန်ရှင်း ကျွန်တော်တို့ ရောက်ပါပြီ " ရဲတွေ ရောက်လာပြီး ရန်ရှင်းကို အကြောင်းကြားတော့
"ကောင်းပြီသူတို့ကို ခေါ်သွား ပြီးမှ တရားစွဲ သင့်တာ စွဲကမှာ"
"ဟုတ်ကဲ့ ကိုရန်ရှင်း သူတို့ကို ခေါ်လာခဲ့ လက်ထိပ်ခပ်လိုက် "
"ဟုတ်ကဲ့ ဆရာ "
"ခင်ဗျားတို့ကော ဘာရပ်ကြည့်လုပ်နေတာလဲ ကြည့်ကောင်းနေလို့လား ပြောကြည့် "မိုးဦးမောင် အခြားသူဌေးတွေကို ပြောလိုက်တော့ အလျှိုလျှို ထွက်သွားကြတယ်
"သားရယ် မေမေတို့မှာ စိတ်ပူလိုက်ရတာ "
"ဟုတ်တယ် သားငယ် တီလေး စိတ်ပူတာ ပြောမနေနဲ့ တီလေးကို ပြောပြပါဦး ဘာလိုဖြစ်ရတာလဲဆိုတာ "
"ဟုတ်ပြောပြမယ် တီလေး အခု အိမ်ပြန်ကြရအောင် နန္ဒတို့ လိုက်ခဲ့ မင်းတို့ ကူပေးလို့ အခုလို အဆင်ပြေတာ ငါဧည့်ခံမယ် အိမ်လိုက်ခဲ့ "
"ဟုတ်ကဲ့ ကိုရန်ရှင်း " အားလုံး အိမ်ကို သွားကြတယ် မသွားခင် ရန်ရှင်း ဟော်တယ် မန်နေဂျာ ကို ခေါ်လိုက်ပြီး ထိုမန်နေဂျာကို မဲ့ကာ ကြည့်ရင် လက်သီးနှင့် ထိုးချလိုက်တယ်
"အဲ့တာ ကိုယ့်ဝန်ထမ်းမှန်းမသိ အခြားလူစိမ်းမှန်း မသိ လို့ အပြစ်ပေးတာ "
STAI LEGGENDO
Newton Second Law ကိုဆန့်ကျင်၍ (Completed)
Storie breviUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...