Episode 24

449 24 6
                                    

Unicode

ရန်ရှင်း နေပြန်ကောင်းသွားပြီမို့ အဖေ့အလုပ်ကို လွှဲယူဖို့ရန် လိုက်ရတော့တယ် မိုးဦးမောင်ကလဲ သူ့ကုမ္ပဏီကိုသူ သွားရတယ်

လူကြီးတွေအားလုံးရဲ့ ဆုံးဖြတ်ချက်အရ မိုးဦးမောင် ဦးရန်ပိုင်အိမ်မှာ နေရတယ် သို့ပေမယ့် ရန်ရှင်းနဲ့က တစ်ယောက်တစ်ခန်းစီ ဦးလေးတွေ အဒေါ်တွေ ပြန်သွားတော့ အိမ်ကြီးထဲမှာ လေးဦးသာ ရန်ရှင်းအိမ်မှာတော့ တံခါးပိတ်လျက်သား ရန်ရှင်း အိမ်ရှေ့က Convenient Store အကြီးစားကြီးက ဖွင့်ပြီမို့ အိမ်က အလုပ်သမားတွေပါ မအား ဉာဏ်ကောင်းပြီး အမျှော်အမြင်ရှိတာမို့ လက်မလည်အောင် ရောင်းရတယ် အဲ့ဆိုင်ကိုတော့ ဦးမောင်‌မောင်ဦး ကို ဦးစီးခိုင်းတယ်

အမှုကိစ္စက ခြောက်ယောက်ရဲ့ ထွက်ဆိုချက်အရ ထင်ဇော်ဗလ လွတ်သွားတယ် ဆေးရောင်းတဲ့ လူတော့ မိသွားတယ် ဘယ်သူခိုင်းလဲ မေးတော့ သေသေချာချာ မဖြေ သူအမှုဝင်ခံနေပြီမို့ သူကတော့ သေချာတယ်ထောင်ကျမှာ အမှုမှာ အသံဖိုင် တင်တော့ ထင်ဇော်ဗလလို့ ပါတာမဟုတ် ကိုဗလသာပါတာမို့ ထင်ဇော်ဗလ သံသယသာ နောက်ကားတွေစစ်တော့ Without တွေမှ နံပါတ်လျှောက်တက်ထားတာ မို့ အစအနပင်ရှာမရ အမှု က အေးနေတော့တယ်

လူကြီးတွေနဲ့ မိုးဦးမောင်က ထိုလုပ်ရပ်ကို ဒီမှာတင်မရပ်ဘဲ အလွတ်စုံထောက် တစ်ယောက်ငှားကာ စစ်ဆေး စုံစမ်းတော့တယ် ထင်ဇော်ဗလမှာ ထိုကဲ့သို့လုပ်နိုင်တဲ့ အင်အားမရှိတာမို့ သူ့နောက်ကသူ ဘယ်သူ ဆိုတာ လိုက်ရတော့တယ် ထင်ဇော်ဗလကလဲ သိသည်နဲ့တူသည် အေးဆေးသာနေတယ်

ရန်ရှင်း တစ်ပတ် ရုံးအလုပ်တွေ လုပ်နေတာ တစ်ရက် တော့ မိုးဦးမောင်ဆီ သွားဖို့ သူဆုံးဖြတ်ထားတယ် နောက် မိုးဦးကို Surprise တိုက်ချင်လို့လေ

သူ့ပြိုင်ကားလေးနဲ့ ရန်ရှင်းမိုးဦးမောင် ကုမ္ပဏီ ကို သွားတော့တယ် Rain Family Group ဆိုင်းဘုတ် ရှေ့မျက်နှာစာ ရောက်တော့ ကားကုမ္ပဏီထဲ ဝင် ပေါ်တီဂိုအောက် ရပ်ပြီး ဆင်းလိုက်တယ်

"လူကြီးမင်း "

"အင်းပြောဗျ"

"ဒီနေရာက ကားမရပ်ကဘူးဗျ "

Newton Second Law ကိုဆန့်ကျင်၍ (Completed)Onde histórias criam vida. Descubra agora