Episode 15

469 25 2
                                    

Unicode

ရန်ရှင်းကို မတရား အနိုင်ကျင့်တဲ့ လူက လုပ်ငန်းရှင်တစ်ဦးဖြစ်သလို ဦးရန်ပိုင်နဲ့ ယှဉ်လိုက်တဲ့အခါ မြူမှန်သာသာ မို့ ထိုသူလဲ နှစ်ရှည်ထောင်ကျကာ အကျဉ်းချခံလိုက်ရတယ် ထိုအချိန်တွင် ရန်ရှင်းဘယ်သူဆိုတာ သူသိသွားရတော့တယ်

မိုးဦးမောင် UK မှာ နေတဲ့ မိဘတွေဆီကိုအလည်အပက်သွားတော့တယ် ပထမတစ်ပတ်အတွင်း

"ဪ သား ရောက်လာပြီလား မေမေက မျှော်နေတာ ကြည့်စမ်းပါဦး သားက ချောလာလိုက်တာ "

"မေမေ ဖေဖေ့ကို ကြည့်ဦး သားလာကြိုရလို့ မောနေပြီ "

"မမောဘူး ငါ့သားရာ ကဲ သားအခန်းက အပေါ်မှာ သိတယ်မှတ်လား တစ်ယောက်လောက် ပစ္စည်းတွေကို သယ်ပေးလိုက်ကြ"

အိမ်မှာ ခိုင်းထားတဲ့ အလုပ်သမားကို မိုးဦးမောင်အဖေ သူတို့ဘာသာစကားနဲ့ ပြောခိုင်းလိုက်တယ်

"Mr Moe Oo Maung ဒါသင့်အခန်းပါ ကောင်းကောင်းအနားယူပါ " ပြောကာ အလုပ်သမားလေး ဆင်းသွားတယ် ပစ္စည်းတွေ နေရာချပြီး

မိုးဦးမောင် အိပ်ယာပေါ် လှဲနေရင်း မြန်မာမှာ ကျန်နေတဲ့ ချစ်ရသူလေးရဲ့ ပုံလေးကို ဖွင့်ကြည့်ရင်း အဝတ်မလဲနိုင် အိပ်ပျော်သွားတော့တယ်

"ကျွီ " ပွင့်လာတဲ့ တံခါးနဲ့အတူ အအိပ်ဆက်တဲ့ မိုးဦးမောင် နိူလာပြီး ကြည့်လိုက်တော့ အမေဖြစ်နေတယ်

"ဆောရီသား သားအိပ်နေတာမသိဘူး "

"ဪ ရပါတယ် မေမေ ကိစ္စမရှိဘူး " ထိုအချိန် ဖုန်းလေးက ပြုတ်ကျသွားတာမို့ အမေဖြစ်သူက ကောက်ပြီး ပေးခါနီး

"အယ် လူချောလေး သားဘယ်သူလဲ သားရဲ့ wall မှာ နေရာယူထားတာ ချစ်စရာလေး ငယ်ငယ်လေး "

"မိန်းမ ဘာလုပ် "

"အကို ကြည့်ပါဦး သားဖုန်းထဲက ကောင်လေးပုံ အသက်က ငယ်မယ့်ပုံ ချောတယ်နော် နှာတံလေးကို စင်းနေတာ အသားလဲ ဖွေးမယ့်ပုံ " မိဘနှစ်ဦး တသ်ယောက်နဲ့ တစ်ယောက် ပြောနေကြတာဖြစ်တယ်

"သား သူကဘယ်သူလဲ "

မိဘနှစ်ဦး စကားပြောပြီး ဖင်ထိုင်ခုံ ဆွဲကာ ထိုင်တယ် ကုတင်ပေါ်တော့ တက်ထိုင်ကြဘူး ဘယ်လောက်ဘဲ မိသားစု ဖြစ်နေပါစေ တသ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိသင့်တာလေ

Newton Second Law ကိုဆန့်ကျင်၍ (Completed)Tempat cerita menjadi hidup. Temukan sekarang