Episode 1

1.5K 58 2
                                    

Unicode

📞ဟယ်လို မိုးဦးမောင်လား

"ဟုတ်ကဲ့ ဘယ်သူပါလဲ "

📞ငါပါ နန္ဒ

"မင်းဖုန်းနံပါတ်ပြောင်းသွားတာလား နန္ဒ မနေ့ကဆက်တော့ အရင်နံပါတ် အခုတော့ အခြားနံပါတ်နဲ့ ဘယ်ဖုန်းမှတ်ထားရမှာလဲ ငါက"

📞ဟဟားဟား စိတ်လျော့ မိုးဦးရ အရင်ဖုန်းဘဲ မှတ်ထားလိုက် အခုက စကီလေး တစ်ဗွေနဲ့ ချိန်းထားတာမို့ သူ့ကိုပေးရင် အခုဖုန်းနံပါတ်ပေးလိုက်မလို့

"‌ဪ အေးအေး လုပ်ပေါ့ကွာ"

📞sim card တွေက လိုသလောက်ရနေတာမှာ ဘာဖြစ်လဲကွ တစ်ကဒ်မှထောင့်ငါးရာ ထဲ လှည်းတန်းမှာဆို သုံးကဒ်တစ်ထောင်တောင်ရသေးတယ်

"အေးပါကွာ ဒါနဲ့ ငါ့ကို ဆက်ရတဲ့အကြောင်းကဘာလဲ"

📞အေးပြောမယ် အဲ့တာအဓိက မနက်ဖန် တနင်္ဂနွေနေ့ မင်းအားတယ်မှတ်လား မင်းကုမ္ပဏီလဲ ပိတ်တယ်လေ

"အင်းအားတယ် ဘာ appointment မှ မရှိဘူး "

📞အင်းကောင်းတယ်ငါနဲ့ လိုက်ခဲ့ ပါလား မနက်ဖန် စကီလေးနဲ့သွားတွေ့မလို့

"မင်းကွာရှုတ်ရှုတ်ရှက်ရှက် "

📞မိုးဦးကလဲကွာ လုပ်ပါ မင်းက မိန်းမတွေအကြောင်း အူမချီးခါးမကျန် သိတဲ့သူမှတ်လား ပြီး‌တော့ မင်းက မိန်းမတွေဆို အမြင်မကြည်တဲ့သူ မဟုတ်လား အဆင်ပြေလားမပြေလား သိရအောင် လိုက်ခဲ့စမ်းပါကွာနော်

"အလုပ်ကိုရှုတ်တယ် ပြီးရောကွာ လိုက်ခဲ့မယ် မင်းကားနဲ့လာခေါ်"

📞အေးပါ ဘောစိ ကပ်စီးနဲရယ် သူ့ဆီကုန်မှာ အသကြောက် Rain Family group တစ်ခုလုံး ပိုင်နေတာတောင် ဆီဖိုးလေးကို ချွေတာချင်တုံး

"အေးကွ ငါက စီးပွားရေးသမား ဈေးတွက်ဘဲ တွက်ရမှာပေါ့ကွ ငါ့အတွက်အကျိုးမရှိရင် အိတ်စိုက်ဖို့ ဝေးစွခြောက်ပါးဘဲ ကဲ ကြာတယ် မနက်ဖန် မင်းလာခေါ်လှည့် လိုက်ခဲ့မယ် ဟုတ်ပြီလား"

📞အေးဒါဆိုလဲ ပြီးရော မနက်ဖန် ရှစ်နာရီ လာခဲ့မယ် အဆင်သင့်လုပ်ထား ဦးကပ်စီး

"ီး....ကို ကပ်စီး" ဆဲဆိုပြီး သူငယ်ချင်းနန္ဒနဲ့ ဖုန်းဆက် ချင်းကို အဆုံးသက်လိုက်တော့တယ်...

Newton Second Law ကိုဆန့်ကျင်၍ (Completed)Donde viven las historias. Descúbrelo ahora