Episode 35

450 18 5
                                    

Unicode

သင်္ကြန်အကြိုနေ့

"မောင် "

"ဗျာ ကိုကို "

"မောင်နှစ်ဆန်း ၂ရက်နေ့ ကိုကို့ရုံးမှာ ရုံးလာထိုင်မှာနော် "

"ဟုတ်ကိုကို "

"အား ငါ့ယောင်္ကျား မျက်နာ အမြဲ မြင်နေရတော့မှာဘဲ "

"မောင်ကလဲ ကိုကို့ မျက်နာ အမြဲမြင်နေရတော့မှာဘဲမို့ ပျော်တယ်ကိုကို"

"အင်း လာပါဦး ပါးလေးနမ်းချင်လို့ ကိုကို့နားကပ် "

"ဟုတ်ကိုကို " ပြောကာ အနားကပ်သွားတဲ့ မိုးဦးမောင်

ရန်ရှင်း မိုးဦးမောင် ပါးနမ်းရတာကို အရမ်းသဘောကြတယ် ဘယ်ချိန်ဖြစ်ဖြစ် နမ်းနေရတာကို အရသာရှိတဲ့ အစားစားနေရသလို

နမ်းပြီးတော့ ကိုကို ညနေ မောင်တို့ sponsor ယူထားတဲ့ မဏ္ဍာန် ဖွင့်ပွဲ ဖိတ်ထားတယ် ကိုကို "

"ကိုကိုပါလိုက်မယ်လေ"

"ဟုတ်ကိုကို "

ညနေပိုင်း ဖွင့်ပွဲကို လူကြီးတွေ ခွင့်တောင်းပြီး နှစ်ယောက်သား ထွက်လာခဲ့ကြတယ် နောက်က လုံခြုံရေး က အဆင်သင့် ရေကစားမဏ္ဍာန် ကို ရောက်တော့ တာဝန်ရှိသူတွေက ဧည့်ခံရင်း ဖွင့်ပွဲ ဖဲကြိုးဖြတ်ကာ ပွဲစီစဉ်သူ တောင်းဆိုချက်အရ ရန်ရှင်း သီချင်းဆိုပေးရမည်

"ပွဲလာ ဧည့်ပရိတ်သက်များခင်‌ဗျ အခု အစီစဉ်အရ ကျွန်တော်တို့ရဲ့ ViP ဧည့်သည်တော် ဖြစ်တဲ့ Shin Group ရဲ့ CEO ကိုရန်ရှင်းက သီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ် "

"ဟေး ကိုရန်ရှင်း ကိုရန်ရှင်း ကိုရန်ရှင်း"

"ကိုရှင်း ရေး ကိုရှင်း ကိုရှင်း ကိုရှင်း "

မဏ္ဍာန်လာသူတွေက သူ့idol တွေ့ရတော့ ပျော်ပြီး အခု သီချင်းဆိုမည်ဆိုတော့လား အရမ်းပျော်နေကြတော့တယ်

"အကို့ ပရိတ်သက်လေးတွေပါတော့ အကိုကမနေနိုင်တော့ဘူး နဂိုကတည်းက ပိုးကရှိတော့ အခု ဖျော်ဖြေရမှာပေါ့ ကိုယ့်ကလေးတွေအတွက်ဘဲ "

"ဟေး ကိုရှင်း ကိုရှင်း ကိုရှင်း "

မိုးဦးမောင်ကတော့ ပြုံးနေရင်း ရန်ရှင်းကိုကြည့်နေလိုက်တယ် လုံခြံရေးတွေကလည်း သူတို့ကလေး ဘာဆိုမလဲဆိုတာကို စိတ်ဝင်တစား ကြည့်နေလိုက်တယ်

Newton Second Law ကိုဆန့်ကျင်၍ (Completed)Where stories live. Discover now