Unicode
"တောက်"
အခန်းတစ်ခန်းရဲ့ TV ရှေ့မှာ Interview ဖြေနေကြတဲ့ မိုးဦးမောင်နဲ့ ရန်ရှင်းကိုကြည့်ပြီး တောက်ခေါက်လိုက်တဲ့ အမျိုးသမီး မိုးဦးမောင်ဖြေလိုက်တဲ့ အဖြေကို မကြေမချမ်းဖြစ်နေလေရဲ့
'ဟိုဘယ်သူလဲတော့မသိဘူး ကျွန်တော်တို့ကို လုပ်ကြံတဲ့သူ အခု ခင်ဗျားလုပ်လိုက်တဲ့ကိစ္စ အခုကိစ္စရပ်အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်ချစ်ရသူနဲ့ အမြန်နီးစပ်ရစေလို့ ' ဆိုတဲ့စကား
သူ့လိုမာန ကြီး မိန်းမတွေရွံရှာတဲ့သူ နောက် နောက်ပိုင်း စီးပွားရေးမှာ နာမည်ရလာတဲ့သူ သူ့ကို ထိုးနက်ဖို့ စီးပွားရေးမှာ နာမည်ကြီးနေတဲ့ မောင်ဆိုတဲ့သူဟာ ယောင်္ကျားတစ်ယောက်နဲ့ ဖြစ်နေပါလားဆိုတာ လူသိစေအောင် နာမည်ပျက်အောင်လုပ်တာမှာ အခုသူက နာမည်ပိုကြီးကြီး ဒိတ်ဒိတ်ကြဲ သူဌေးကြီး ရဲ့ သားမက်ပင်ဖြစ်သွားခဲ့လေတာ
သူဌေးကြီးရဲ့သား မွေးနေ့ကို မိုးဦးမောင်လာမယ် ဆိုတာ သိနေတော့ ဟော်တယ်ထဲ ကြိုတင်ပြင်ဆင်ထားလိုက်တာ ပထမက သူဌေးကြီးသားကို ရည်ရွယ်ထားတာမဟုတ်ဘူး ရည်ရွယ်ထားတာ အခြားတစ်ယောက် သူခိုင်းထားတဲ့သူ မှားလုပ်မိလိုက်လို့အခုလိုပင် ဖြစ်သွားရတော့တယ်
မိုးဦးမောင်တို့ သတင်းစာရှင်းလင်းပွဲပြီးတော့ ညနေပိုင်း အိမ်မှာ ဆက်ခံသူအဖြစ်ကြော်ငြာတဲ့ အထိမ်းအမှတ် ညစာစားပွဲလုပ်မည်မို့ ရန်ရှင်းအိမ်ကို ပြန်ကြတယ်
မိုးဦးလိုက်သွားပြီး အိမ်ရောက်တော့ ခွင့်တောင်းပြီး သူ့အိမ်ခဏပြန်တယ် ယူစရာရှိတာယူဖို့ သူတစ်ယောက်တည်း ပြန်ခဲ့တယ်
သူခြံက ထွက်ထွက်ခြင်း နောက်ကနေကားတစ်စီးပါလာတာ သူမသိမိလိုက် ပုံမှန်အတိုင်း အိမ်ကိုသာ မောင်းသွားတယ် အိမ်ရောက်တော့ ကားကို အိမ်ရှေ့သာရပ်ထားခဲ့ပြီး သူလိုအပ်တာ ယူပြီး ပြန်ထွက်တော့ ထိုကားအပြင် နောက်ထပ်ကားနှစ်စီး ပါလာခဲ့တယ် လမ်းတစ်ဝက်ရောက်ကာမှ နောက်ကကားနှစ်စီးက သူ့ကားကို အရှိန်နဲ့ ကျော်တက်ပြီး သူ့ရှေ့ကနေ ကာပြီးမောင်းနေတာ
أنت تقرأ
Newton Second Law ကိုဆန့်ကျင်၍ (Completed)
القصة القصيرةUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...