Unicode
"ဟာ မရဘူး အကိုတို့ လာစား ဦးကော "
"သားဘဲ စားပါ "
"အဲ့ဆို ကျွန်တော် အကုန်စားမှာနော် နေမကောင်းဖြစ်ဖြစ် "
"နေနေ ဦးတို့စားမာ်ဟုတ်ပြီလား အများကြီးမစားနဲ့ လာလာ မင်းတို့လာကြ အကုန်ဝင်စား ထိုင်ကြ"
"လာအကိုတို့ " နေမင်းပြောပြီး ဘေး တိုးပေးတယ်
ပင်လယ်စာ ရွာချက်မို့ အရမ်းတန်သလို စားရတာ အရမ်းအရသာရှိလှတယ် ရန်ရှင်းက ဂဏန်း မကြိုက်သူမို့ သိပ်မစား ရေဘဝဲ ကင်းမွန် ပိုစားဖြစ်တယ် အများကြီး စားဖို့ကလဲ မဖြစ် ဦးမောင်က ဘေးနားရှိနေတာမို့ အစား လက်ဆသက်လိုက်ရတယ် ပြီးတော့ သူ့အတွက်ယူလာတဲ့ ရေဘူးကို ဖောက်သောက်ပြီး အရှေ့ခဏထွက်နေလိုက်တယ်
မိုးဦးမောင် တစ်ယောက် နေပူထဲ မှ မပူသည့်အလား အထဲဝင်ပြီး ပြန်ထွက်လာတဲ့ ရန်ရှင်းကို ပြောက်သွားမှာ စိုးသည့်အလား စိုက်ကြည့်နေမိတယ် ရန်ရှင်းကတော့ မသိရှာ
"ဟေ့ကောင် မိုးဦးမောင် ငါဗိုက်ဆာပြီကွ စားကြရအောင်"
"အင်း "
"ဟော်တယ်မှာ ဘဲ စားကြမယ်"
"အင်း " ပြောနေပေမယ့် သူငယ်ချင်း နန္နကို လှည့်တောင်မကြည့်
နန္န အတင်းဆွဲခေါ်ကာ ဟော်တယ်ထဲ ဝင်ပြီး အစားအသောက်မှာကာ စားကြတော့တယ်မိုးဦးမောင် အမြန်စားပြီး သူ့ အရိပ်ကလေးကို ပျောက်မှာစိုးလို့ စားပြီး ထွက်သွားကြည့်နေလိုက်တယ်
နန္န တစ်ယောက် စားနေရင်း ခေါင်း တစ်ခါခါနဲ့ ကျန်နေခဲ့တော့တယ်
နေမင်း စားပြီးတော့ သူ့သူငယ်ချင်းရှိရာကိုလျှောက်လာခဲ့တယ်
လမ်းလျှောက်လာရင်း ရန်ရှင်းပုခုံးကို ပုတ်ရန်အလုပ် ဘေးဘယ်ညာ တစ်ချက်ကြည့်ရသေးတယ် သူ့ ဖန်တွေ ရှိမရှိကို မရှိတာ သေချာမှ ပုခုံးကို ခက်ပြင်းပြင်း ပုတ်ချပြီး အော်လိုက်တယ်
"ဟေ့ကောင် ရန်မကင်းကောင် တစ်ယောက်တည်း ပျင်းနေပြီလားကွ"
"အား မင်းသေမလို့ အရမ်းရိုက်ရလားကွ ငါ့ပုခုံးနာသွားပြီ "
DU LIEST GERADE
Newton Second Law ကိုဆန့်ကျင်၍ (Completed)
KurzgeschichtenUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...