Unicode
မိုးဦးမောင် သတိပြန်ရလာတဲ့အချိန် ကြည့်မိတော့ အခန်းတစ်ခုမှာ သူခေါင်းခါပြီး ခြေထောက်အောက်ချပြီး ထမည်လုပ်တော့ သူ့ကိုယ်ပေါ်မှာ ဘာအဝတ်အစားမှကိုမရှိ သူလန့်သွားမိတယ် သူပြန်စဉ်းစားတော့ ဘာမှကိုထွက်မလာ ခေါင်းကို အနားပေးပြီး ပြန်စဉ်းစားလည်း လုံးဝထွက်မလာတဲ့ မှတ်ဉာဏ် သူထပြီး အဝတ်ဝတ်ဖို့ ပြုရန်အထ နောက်ဘက်ပြန်လှည့်လိုက်တဲ့အခါ လူတစ်ယောက် သူလန့်သွားကာ ကုတင်ပေါ်ပြန်တက်ပြီး ဆောင်ထဲပြန်ဝင်လိုက်ရတယ် ဗလာနတ္တိ ခန္ဓာကိုယ်နဲ့ ဘယ်လိုပင် ဖြစ်လင့်ကစား သူရှက်သည်
ခေါင်းမူးခြုံထားတဲ့လူကို ဘယ်လိုနှိုးရမှန်းမသိ ဘယ်သူဘယ်ဝါဆိုတာကိုပင် မသိနိုင် ထိုချိန်
"ဒုံး ဒုံး " ဆိုကာ တံခါးထုလာတော့ မိုးဦးမောင် ခါးမက်သွားတယ် သူဘယ်လိုထရမှန်းမသိဖြစ်နေတဲ့အချိန် ဘေးနားက ခန္ဓာကိုယ်က လှုပ်လာပြီး ထအထိုင် ထိုသူကို ကြည့်ပြီး ထိုသူကလည်း သူ့ကို တွေ့သွားသည်ထင်
နှစ်ယောက်လုံး အော်လိုက်ကြတော့တယ်
"အား ဘယ်သူလဲ ငါ့အခန်း ဘယ်လို ရောက်နေတာလဲ "
"အကို အကို သတိထား ကျွန်တော်မိုးဦးမောင်ပါ "
"ဟင်"
ထိုချိန် တံခါးပွင့်လာတဲ့အခါ မထင်ထား လူတွေ အများကြီး သူတို့နောက်က ဘယ်ကမှန်းမသိကြတဲ့ media သမားတွေ အပြုံလိုက်ကြီး
"သား လေး ဘယ်လိုဖြစ်ရတာလဲ အီး " ဆိုကာ ဒေါ်ချစ်ရှင်း ငိုပါလေရော
"မောင်မိုးဦးမောင် ဒါကဘယ်လိုဖြစ်ရတာလဲ ကွယ် " ဦးရန်ပိုင် အမေး
မိုးဦးမောင်နဲ့ ရန်ရှင်း အဝတ်မဲ့နေတာ သတိရှိနေတော့ ဘယ်လိုမှ ထမရ ကုတင်ပေါ်မှာ ခြေချုပ်မိနေကြတယ် ဆောင်ကို နှစ်ယောက်သား ဆွဲတင်လိုက်တဲ့အခါ သူတို့နှစ်ယောက်ပုံက အိပ်ရာထဲ လူမိလို့ ရှက်နေကြတဲ့ ပုံစံနဲ့ တစ်ထပ်တည်း
ဦးရန်နိုင်ကဘဲ "အားလုံး အမျိုးသမီးတွေ အပြင်ထွက်ပေး မီဒီယာတွေကော မနက်ဖန် ၁၀ နာရီ သတင်းစားရှင်းလင်းပွဲ လုပ်မယ် ****** ဟော်တယ်မှာ အဲ့အခါလာခဲ့ကြပေးပါ အခုတော့ ဘာမှ မပြောတော့နိုင်သေးဘူး ပြန်ကြတော့ " ပြောလိုက်တော့ အမျိုးသမီးတွေ အပြင်ထွက်ပေးကြတယ် media တွေလည်း ပြန်သွားကြတယ် အစက ရန်ရှင်းကို ဆက်ခံသူမှန်းမသိဘူး မနေ့က ဦးရန်ပိုင်က ကျွန်တော့သား လို့ မိတ်ဆက်တဲ့အခါ နောက် ပျောက်သွားတဲ့အချိန် လိုက်ရှာတော့ သတိထားမိကြတယ်ထင် နောက်နေ့ ဆက်ခံသူ ကြော်ငြာမာ်ဆိုလို့ သတင်းရေးမယ့်သူတွေနဲ့ ပြည့်နေလေတော့ အမှုက ပိုကြီးသွားတော့တယ်
VOCÊ ESTÁ LENDO
Newton Second Law ကိုဆန့်ကျင်၍ (Completed)
ContoUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...