Episode 21

521 24 2
                                    

Unicode

ညက စကားကောင်းနေတာနဲ့ နောက်ကျမှ အိပ်ကြတော့ မနက်တော်တော်နဲ့ မထလာနိုင်ကြဘူး

နန္နနဲ့နေမင်းလည်း ဦးရန်ပိုင် အိမ်မှာဘဲ အိပ်ဖြစ်တယ်

မနက်ခင်းထလာကြတော့ မနက်စာကို ကြီးကြီးက ဦးဆောင်ပြီး အကူတွေနဲ့ ပြင်ဆင်ပေးတယ်

"သား တို့လာ သားလေးနဲ့ မိုးဦးလေးက မနိုးသေဘူး ကြီးကြီးသွားနှိုးလိုက်ဦးမယ် ခဏထိုင်ဦး "

"ဟုတ်ကြီးကြီး "

ကြီးကြီးက ပြောပြီး ရန်ရှင်းတို့ကို သွားနှိုးတော့

"သားလေ ကြီးကြီးပါ ထပြီလား "

"..."

"သားလေ နိုးပြီလား ကြီးကြီးဝင်လာပြီနော် " ပြောကာ ကြီးကြီး တံခါးဖွင့် ဝင်တော့ အခန်းထဲမှာ မည်သူပင်မတွေ့

"ဟေ "

"ဒေါက်ဒေါက် " မိုးဦးမောင်အခန်း တံခါးခေါက်တော့

"...."

"မရှိကြဘူလား" ပြောကာ အခန်းတံခါးဖွင့် ဝင်သွားတဲ့ အခါလဲ မရှိ

ကြီးကြီးကြော်သွားတယ် ထသွားကြတာလား နိုးနေပြီလား အောက်ဆင်းတော့ မတွေ့တော့ စားပွဲဝိုင်းရောက်နေတဲ့ လူကြီးတွေကို မေးကြည့်တဲ့အခါ

"သားလေကိုမတွေ့လို့ သူဌေးကြီးတို့ တွေ့မိသေးလား "

"ဟင် မောင်မိုးဦးအခန်းကော "

"ကြည့်ပြီးပြီ မရှိဘူး "

"အားလုံးလာကြဦး"အလုပ်သမားတွေ ရောက်လာတော့ မေးကြည့်တော့ ဘယ်သူမှ သတိမထားမိကြ

သားပြောက်ရှာပုံတော် ဖွင့်ရတော့တယ်

တစ်အိမ်လုံး တစ်ခြံလုံး နှံ့နေပြီ ဘယ်မှာမှ ရှာလို့ပင်မတွေ့ စိတ်ကလည်းပူနေကြပြီ

ဖုန်းဆက်ကြည့်တော့ အသံလားရာ ကြည့်တော့ ဧည့်ခန်းက ဆိုဖာမှာ ငုတ်တုတ်

သူတို့ ရှာစရာ တစ်နေရာသာ ကျန်တော့တယ် ဒီနေရာက အိမ်အပေါ်ဆုံးထပ် ရေကူးကန် အခန်းကအပေါ်မှာ မရှိဘူး ညဘက်ဆိုလေတစ်ဖြူးဖြူးနဲ့မို့ အကာအကွယ်လဲ မရှိတော့ သူတို့ ရှိမယ်လို့ မထင်

Newton Second Law ကိုဆန့်ကျင်၍ (Completed)Donde viven las historias. Descúbrelo ahora