Episode 26

444 22 4
                                    

Unicode

လူဆိုတာ မှားပြီးရင် ဆက်ပြီးမှားချင်ကြတာသဘာဝ အမှားကို အမှန်သိဖို့က လူတွေရဲ့ ခံယူမှု ခံယူချက်ပေါ်မှာ မူတည်လေတယ် ဂလဲ့စားဆိုတာ ပေါ်လာရတာကလဲ တစ်ဖက်အမှားကြီးဘဲလို့တွေးပြီး ဂလဲ့စားခြေရတယ်ဆိုတာက တစ်ဖက်သက်အယူသည်းမှု့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ လူ့အမှိုက်စိတ်ဓာတ်ပါ

လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မမီနိုင်သလို နှစ်ဖက်တီးမှ မီနိုင်တာ ရန်ဆိုတာ တစ်ဖက်က ဒီတိုင်း ထိုင်နေတဲ့အခါ ဘာမှ ကိုယ့်ဘက်က မစရင် တစ်ဖက်ကပါမစလာရင် စလာမှာမဟုတ်ဘူး အချင်းများတယ်ဆိုတာ နှစ်ဖက် အမှားကြောင့်များကြတာပါဘဲ

ဂလဲ့စားချေတယ်ဆိုတာကလဲ ထို့နည်းတူစွာဘဲ ချိတ်ချိတ်ခြင်း ချိတ်မှ ညိသလို နှစ်ဖက်အမှားကြောင့်သာ ဂလဲ့စားဆိုတာ ပေါ်လာတာ ကိုယ့်ဘက်ကအမှန်ကြီးဘဲ မဟုတ်ဘူး

ရန်ရှင်း recording တွေကို သေချာ edit လုပ်ပြီး အသံပညာရှင် တစ်ဦးကို ငှားလိုက်ကာ ထိုအသံပိုင်ရှင်ကို ရှာခိုင်းတော့တယ်

ထိုပညာရှင် အဆင်ပြေစေရန် ထင်ဇော်ဗလ တွေ့ဖူးတဲ့ အမျိုးသမီးများ၏ အသံများကို အသံဖမ်းထားကာ နားထောင်စေခဲ့တယ်

ပညာရှင် ပြောပြချက်အရ ဘယ်သူမှ မဟုတ်ခဲ့ ရန်ရှင်းတို့ဘဲခေါင်းစားရပြန်ပြီ

ရန်ရှင်းဆိုတာ အရာရာ အနိုင်လိုချင်တဲ့ သူ မရဘူးဆိုတာမရှိအောင် ရအောင်လုပ်ဆောင်နိုင်တဲ့သူ ဟိုဘက်က အရှောင်အတိန်းကောင်းလွန်းသူမို့ သူဆက်မရှာ တော့ သူမရှာပေမယ့် သူထွက်လာအောင် လုပ်နိုင်တယ် မရဘူးဆိုတာ မရှိစေရဘူးလေ သို့သော် တချို့ အကြံအစီတွေကို မိုးဦးမောင်နဲ့ ဦးရန်ပိုင်တို့ပင် လိုက်၍မမှီ ရန်ရှင်းပြောလာသမျှ ခေါင်းငြိမ့်ရတာကြီးသာ အခုလဲ ဘယ်လို စီစဉ်မယ်မသိဘူး ဖိတ်စာဖိတ်တော့လဲ သူ့စိတ်တိုင်းကြ မိသားစုတွေ အကုန်တက်ပေးဖို့ ဖိတ်စာမှာ ထည့်ရေးထားတယ်

နောက်ပြီး သူနဲ့ သဏ္ဍာန်တူတဲ့ သူတစ်ယောက်ပါ ကှာခိုင်းထားပြီး သူ့ပုံစံအတိုင်း ပြင်ဆင်ခိုင်းထားတယ် ဘာလို့ဆိုတာ ဘယ်သူမှကို မသိ အကုန် သး့အကြံစီတွေချည်းသာ

Newton Second Law ကိုဆန့်ကျင်၍ (Completed)Où les histoires vivent. Découvrez maintenant