Episode 36

367 17 4
                                    

Unicode

အကျ အကြတ် အတက် ပြီးတော့ နှစ်ဆန်းတစ်ရက်နေ့ အိမ်ကသူတွေ အကုန်မအားကြ အလှူလုပ်ကြတယ် ဘုရားပန်းကပ်သူကကပ် ဘုရားရေသပ်ပယ်သူကသပ်ပယ် စတုဒီသာ ဒန်ပေါက်တွေ ဆင်းရဲသူ တွေရှိတဲ့ နေရာတွေကို ကားနဲ့ ရပ်ကွက် ထဲထိ လိုက်ဝေတာ မြို့စွန်တွေဖြစ်တဲ့ ရွှေပြည်သာ လှိုင်သာယာ မှော်ဘီ မင်္ဂလာဒုံ လှည်းကူး စသည့် လက်လုပ်လက်စားသမားများတဲ့ နေရာ ရပ်ကွက်တွေကို လိုက်ဝေတယ် တစ်မနက်လုံး ရန်ရှင်း မိုးဦးမောင် နဲ့ မိဘတွေ အစစ်အပို အနေနဲ့ နန္ဒနဲ့ မောင်ဦးချို နေမင်း တို့ပါ ပါလာခဲ့တယ်

မဝေခင် အိမ်မှာ စောစောဘုရားပန်းကပ် ဆီမီးကပ် စောစော ရောင်တော်ဖွင့်ပြီး ဘုန်းကြီးတရားနာ ၇နာရီ ထိုးတာနဲ့ မှာထားတဲ့ ဒန်ပေါက်တွေ လာပို့တဲ့ကားနဲ့ဘဲ အပြတ်ငှားကာ ချောဆွဲ လှူဒါန်းကြတယ်

သူတို့လာလှူတော့ လာယူကြတဲ့သူတွေ ဖွဲဖွဲကို လှုပ်လို့ တစ်နေရာ ကားတစ်စီး စုစုပေါင်း နေရာ ဆယ်နေရာမို့ ဒန်ပေါက်ပို့တဲ့ ကား ဆယ်စီးက သက်ဆိုင်ရာ နေရာတွေမှာ စောင့်နေကြတယ် ဒန်ပေါက်ကုန်သွားတော့ ပိုက်ဆံ ၅၀၀၀ စီ ထပ်ဝေပေးသေးတယ် ဒန်ပေါက်မရတဲ့သူ တွေကို

သူတို့အလှူက သတင်းတွေထဲမှာ ကော လူမှုကွန်ရပ်တွေမှာပါ သတင်းကမွှေးနေလေတော့တယ်

မိဘတွေ ရည်မှန်းပြီး ရွှေတိဂုံဘုရားမှာ ရွှေသင်္ဃန်းကပ်လှူပူဇော်တယ် ဇီဝတဒါန ငါးတွေလွှတ်တယ် ငှက်တွေလွှတ်တယ်

ဘုန်းကြီးကျောင်း မိဘမဲ့ကျောင်း ခရစ်တော် ကျောင်းတွေ ဟိန္ဒူ ဘုရားကျောင်းတွေ အစ္စလာမ်ဘုရားကျောင်းတွေကို အလှူငွေထည့်ဝင်ကူညီတယ်

တစ်ရက်တာ ဒါနပြုကုသိုလ်ပြုပြီး အိမ်ကို ပြန်ကြတော့တယ်

အိမ်ရောက်တော့ အလုပ်သမားတွေက ညနေပိုင်း အန္တရာယ်ကင်းတရားနာဖို့ ပြင်တောင်ပြင်ဆင်ပြီးနေပြီ

တရားပွဲကို လမ်းမှာမလုပ်ဘဲ ခြံဝင်းထဲမှာ လုပ်တယ် ပရိတ်သက်က အိမ်ထဲလူတင်ပင် ၅၀ ကျော်နေတာ ပရိတ်အိုးလေးတွေ ဆန်ဗန်း သဲဗန်းလေးတွေ အပ်ချည်ကြိုးလေးတွေ စုံစိနေအောင် ပြင်ဆင်ထားတယ် အိမ်ကအလုပ်သမားတွေက သူတို့လဲ အလှူမှာကိုယ်တိုင်ကိုယ်ကျကပ်နိုင်အောင် ဝန်ထမ်းတွေ အလုပ်သမားတွေကို နှစ်သစ်ကူးဆုကြေး တစ်ယောက်၅၀၀၀၀၀ စီ အလှူပြုထားတာမို့ သူတို့ပါ ဘုန်းကြီးတွေ အလှူပြုတဲ့အခါ ဆန် ဆီ စတာတွေ ပါဝင်လှူကြတယ်

Newton Second Law ကိုဆန့်ကျင်၍ (Completed)Tahanan ng mga kuwento. Tumuklas ngayon