Episode 9

534 28 5
                                    

Unicode

မိုးဦးမောင် ညနေဘက် ချက်ချင်း ချောင်းသာကို နန္ဒနဲ့ တူတူ သွားတယ် လမ်းမှာ ညစာဝင်စားတာတောင် မစားလို့ နန္ဒခင်မြာ ပါဆယ်ဆွဲလာရတယ်

"မင်းတော်တော်ကြွမ်းနေပြီ မီးသွေးခဲဖြစ်တော့မယ်"

"အာဟာ့ Real Love ကွ real love မင်းဘယ်သိမလဲ ဆော်ပွေ တဲ့ကောင်က "

"မင်းနော် "

"ဘာဝယ်လာတာလဲ ပြဦး ငါစားမလို့ " မိုးဦးမောင် နန္နဝယ်လာတဲ့ ပါဆယ်ထုတ်ထဲက က ပေါက်စီတစ်လုံးကို ထုတ်ပြီး ယူလိုက်တယ်

"မင်း စားမယ်ဆိုတော့ မစားဘဲနဲ့"

"နောက်ကျမှာကိုးကွ"

"အေးပေါက်စီစား ပေါက်စီမတွေနဲ့တွေ့လိမ့်မယ် "

"ဘာ ငါမစားဘူး ဒါဆို " မိုးဦးမောင်က အယူကြီးတက်တယ် ဥပမာ စာမေးပွဲကျရင် ဆိုတာ သူလက်မခံ စာမေးပွဲရောက်ရင် ပြောတဲ့သူမျိုး

"မစားနဲ့ ငါ့ဘာသာငါစားမယ်"

"စားစား အဲ့မှာ မြို "

"မြိုမှာ " ပြောကာ နန္ဒ ပေါက်စီကိုယူပြီးတစ်ကိုက်ကိုက်လိုက်တယ်

"အား ကောင်းလိုက်တာ ဝါး အရသာကိုရှိနေတာဘဲ အသားလေးက အိနေတာဘဲ စားလို့ကောင်းလိုက်တာ"

"မင်း "

"ဘာလဲ "

"ဘာမှမဟုတ်ဘူး "

"မဟုတ်လဲ ပြီးတာဘဲ "

မိုးဦးမောင် တစ်ယောက် တစ်လမ်းလုံး နန္နရဲ့ မထိတစ်ထိစချင်းကို ခံစားရလာပြီး ဗိုက်ဟောင်းလောင်းနဲ့ ချောင်းသာကို ခရီးစိုက်လာရတော့တယ်

⚠️စာရေးသူပြောချင်တာက ဘယ်အရာမှာ အယူမသည်းပါနဲ့ တစ်ချို့က Friday 13 ဆိုရှောင်ကြတာမျိုး ဖိနပ်နောက်ပိတ် မစီးရဘူးဘာညာ ဘာဖြစ်တက်တယ်ညာဖြစ်တက်တယ်နဲ့ စာရေးသူအိမ်က လူကြီးတွေလဲ ထိုအယူတွေရှိကြတယ် လားရှိုး ရှမ်းဆက်တာဆိုတော့လေ ဖိနပ်နောက်ပိတ်မစီးခိုင်းဘူး အနက်ဝိုင်းဆင်မဝတ်ခိုင်းတာ တွေရှိတယ် ဘာဖြစ်တက်တယ် ညာဖြစ်တက်တယ်နဲ့ စာရေးသူက အဲ့အယူတွေ သိပ်ဂရုမစိုက်တက်တော့ ဝတ်တာဘဲ ဖိနပ်နောက်ပိတ် All Black ဘာမှဖြစ်တာ မဟုတ်ဘူး အယူတွေပြောတာပါ နောက် မြွေပွေးနဲ့ ရခိုင် တွေ့ရင် ရခိုင်အရင်သက်ဆိုတဲ့အဆို မှားနေတာတွေပေါ့ အမှန်တကယ်က အဲ့လိုမဟုတ်ဘူး ရခိုင်ငှက်ပျောကို ခုတ်ခိုင်းတာ အယူတွေလွဲနေကြတာပြောပါတယ် စာရေးသူပြောချင်တာက ဘယ်အရာမှ အစွန်းမရောက်ပါစေနဲ့ အစွန်းရောက်လွန်းရင် ကိုယ့်ဘာသာကိုယ်မချင့်ချိန်နိုင်တော့ဘူး ဘာသာရေးဘဲဖြစ်ဖြစ် လူမှုရေးဘဲဖြစ်ဖြစ် အစွန်းရောက်ရင် မကောင်းပါဘူးနော် ⚠️

Newton Second Law ကိုဆန့်ကျင်၍ (Completed)Место, где живут истории. Откройте их для себя