Unicode
မိုးဦးမောင်တစ်ယောက် အင်္ဂါနေ့ကို ရင်တခုန်ခုန်နဲ့ စောင့်နေမိတာ အင်္ဂါနေ့သို့ရောက်လာတော့တယ် မိဘတွေက နိုင်ငံခြားမှာမို့ အိမ်မှာ ခြံစောင့်ဉီးလေးကြီးရယ် အိမ်သန့်ရှင်းရေး အန်တီရယ် တောက်တိုမရခိုင်းမယ့် ကောင်လေး တစ်ယောက် စုစုပေါင်း လေးယောင်နေကြတယ်
မိုးဦးမောင်က အသန့်တအားကြိုက်တော့ အိမ်ဆိုလည်း ပြောင်နေမှ ခြံဆိုလည်း သန့်ရှင်းနေမှ အခန်းတိုင်းသန့်ရှင်းတောက်ပြောင်နေမှ ကြိုက်တဲ့သူ ပြောရရင် ဇီဇာကြောင်တာပေါ့
"အန်တီ မနက်စာ ဘာလဲ "
"အင်းသား မနက်စာက သားကြိုက်တဲ့ ဒင်းဆန်း နှပ်ကော်ဖီ နဲ့ Sandwich ကြက်သားနဲ့လုပ်ထားတယ်သား "
"ဟုတ်အန်တီ "
စားပြီးတော့ အလုပ်သွားခါနီး "ဪ အန်တီကျွန်တော်အခန်း သန့်ရှင်းရေးလေး ပိုလုပ်ပေးပါဦး နည်းနည်း မသန့်တော့လို့ နောက်ပြီးလေ နေ့လည်စာကို လာပို့တဲ့အခါ ဝက်သား စင်းကော လေး နဲ့ ငါးဖာ်လုံး ဟင်းချိုလေး ချက်ပေးပါ "
"အေးသား အန်တီ ချက်ထားပေးမယ်"
"ဟုတ် ဒါနဲ့လေ ခြံထဲ မှာ သစ်ရွက်တွေ ကြွေနေတာ ဟိုကောင်လေးကို သန့်ရှင်းခိုင်းပေးပါဦး နောက်ပြီးလေ နှင်းဆီ မျိုးစေ့တွေ ကောင်လေးကိုပေးထားတာ စိုက်ဖို့ သတိပေးပေးပါဦး အန်တီ "
"အေးသား အန်တီပြောထားလိုက်မယ်"
"ဟုတ် အန်တီ သွားပြီနော် အိမ်ကိုဂရုစိုက်ပါ"
"အေးသား "
မိုးဦးမောင် မှာကြားပြီးတော့ အလုပ်ကို တန်းသွားတော့တယ်
မိုးဦးမောင် အပြင်စာ သိပ်မစား အလုပ်ကို ထမင်း အိမ်ကနေ လာပို့ခိုင်းတယ်အိမ်ထမင်း အိမ်ဟင်း ပိုစားဖြစ်တယ် ဒါ့ကြောင့် အလုပ်သမား ကောင်လေးကို အမြဲပို့ခိုင်းရတယ်
မိုးဦးမောင် မနက်ခင်း အစောကြီး ရုံးသွားတယ် ၁၀ နာရီ Novotel Hotel မှာ သူဌေးကြီး ဦးရန်ပိုင်နဲ့ လက်မှတ်ထိုးပွဲ လုပ်မှာမို့ အကုန်ကြိုတင်ပြင်ဆင်နေရတယ် သူ့ PA နဲ့
STAI LEGGENDO
Newton Second Law ကိုဆန့်ကျင်၍ (Completed)
Storie breviUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...