Part (3)

1K 53 1
                                    

Unicode

💝စေလိုရာစေ 💝

Part (3)

မှုံလည်းလုပ်လက်စအလုပ်ကိုရပ်ကာ စာအုပ်သွားငှားမည်ဆိုပြီး ထလိုက်သောအချိန်တွင်..

'' အာ့ ''

ထက်ယံလမ်းလျှောက်လာရာနှင့် မှုံ ထရပ်လိုက်တာနဲ့ဆုံသွားသည့်အတွက် မှုံ၏ခေါင်းနှင့် ထက်ယံ၏ ရင်ဘတ်တို့ တိုက်မိသွားလေသည် ။

'' အော် တောင်းပန်ပါတယ်နော် ၊ မှုံ လောလောလောလော နဲ့ထလိုက်တာ သတိမထားမိလို့ ''

မှုံကသာစကားပြောနေတာ ထက်ယံ တယောက် မှုန်ကို မျက်တောင်မခတ်ပဲကြည့်နေမိလေသည် ။

'' အော် ရပါတယ်ဗျ ကျွန်တော် ကိုယ်တိုင်က သတိမထားမိတာ''

'' အော် ဒါနဲ့ မှုံ တခုလောက်မေးစရာရှိလို့ , ဟို မင်းထက်ယံ နဲ့ စည်သူက ဘယ်သူလဲရှင့် မှုံ စာနဲ့ပတ်သတ်ပြီးမေးစရာရှိလို့ ''

မှုံ ပြောသည့်စကားကို နားထောင်ပြီးမှ ဘာမှပြန်မဖြေပဲ
မင်းထက်ယံ လှည့်ထွက်သွားလေသည် ။ ဟိုဘက်လှည့်ပြီးမှ မှုံပြောသည့်အကြောင်းကို ပြန်တွေးကာ ထက်ယံ ကိုယ်တိုင်လည်း အံ့​သြမိပါသည်။ အခြား ကျောင်းကနေ ဒီကျောင်းကို ပြောင်းလာသူမှန်သမျှက မင်းထက်ယံ နှင့် ကောင်းခန့်ရှိန်  ရှိလို့သာ
ပြောင်းလာကြတာလေ ။ ပြီးတော့ ကျောင်းတစ်ကျောင်းလုံးမှာ သူတို့ကို မသိတဲ့သူ ခပ်ရှားရှားရယ် ။

'' အဟက် မင်းလေးကတော့ တခုခုပဲ ''

ထိုစကားကို ထက်ယံ စိတ်ထဲမှာသာပြောလိုက်ပြီး ပါးချိုင့်လေးတွေ နစ်ဝင်သွားတဲ့အထိ ပြုံးလိုက်လေသည် ။

ထက်ယံ၏ ဒီပုံစံ ကို အခြားသူတွေသာ မြင်ရင် အံသြသွားမည်မှာ အမှန်ပင် ။ ထက်ယံက စကားကို လိုရာထက် ပိုမပြောပဲ တည်တည်တံ့တံ့နေတဲ့သူက အခုကြတော့ ပြုံးတောင်ပြုံးနေတယ်တဲ့လေ ။

မှုံလည်း သူမ မေးသည်ကို ဘာမှ မဖြေပဲ ထွက်သွားသည့်သူရဲ့ ကျောပြင်ကို ကြည့်ကာ အံသြလျက် ဘာကြောင့်များ လည့်ထွက်သွားတာလဲဟု တွေးနေစဥ် ဘေးကနေ တယောက်ယောက် က ပုခုံးကို လာပုတ်လိုက်သည့်အတွက်

စေလိုရာစေ ( Completed )Where stories live. Discover now