Unicode
💝စေလိုရာစေ 💝
Part ( 11)
နဒီလည်း သူမှုံ့အား စနောက်ချင်သောကြောင့် ရိုက်ထားသည့် ဓာတ်ပုံပျက်သွားသည့်အတွက် ဆူပုတ်ပုတ်ဖြစ်နေစဥ် ခန့်ပိုင်က
'' ကဲ မင်းတို့ဟာကလည်း စာလုပ်မယ်ဆို မသွားကြသေးဘူးလား... ''
ခန့်ပိုင်ပြောလိုက်သည့် စကားကို အားလုံးကထောက်ခံပြီး
သွားမည်ဟု ပြုလုပ်နေစဥ် မှုံကကြားဖြတ်ကာ'' ဒီနေ့ ဘာအစီအစဥ်လဲ... ''
မှုံပြောလိုက်သည်ကိုနားမလည်သည့်အတွက်အားလုံးတယောက်ကိုတယောက် ကြည့်နေကြစဥ် မှုံပြောလိုက်သည်ကို နားလည်သွားသည့်ထက်ယံက
'' အရင်ဆုံး Presentation အတွက်လိုတဲ့စာလေးတွေလုပ်မယ် ။ ပြီးရင် ငါတို့ ပြည်သူ့ရင်ပြင်သွားကြမယ် ။ အဆင်ပြေတယ်မလား ။ ''
သူများတွေစကားပြောနေတဲ့အချိန် သူနဲ့မဆိုင်သလိုနေသည့် ထက်ယံကအခုကြတော့ စကားဝင်ပြောရုံတင်မက အပြင်ပါသွားမည်ပြောသောကြောင့် မှုံကလွဲ၍ ကျန်တဲ့သူတွေအားလုံးက ထက်ယံအား မယုံနိုင်သောမျက်ဝန်းများဖြင့်ကြည့်နေကြသည် ။
မှုံကတော့ သူလိုလားတောင့်တနေသည့်အရာကို အကောင်အထည်ဖော်နိုင်လိုက်သည့်အတွက် ပါးလေးဖောင်းလာသည်အထိပြုံးလိုက်ပြီး အားလုံးအား ခန ဟုဆိုကာ အိမ်ထဲပြန်ဝင်သွားသဖြင့် သီရိက
'' မှုံ နင်ဘယ်သွားအုံးမလို့လဲ... ''
'' ခနလေး ခနလေး ငါ မေမေ့စီကနေ ပိုက်ဆံသွားတောင်းမလို့... ''
အမေစီက ပိုက်ဆံပြန်သွားတောင်းဖို့ဆိုပြီး အားလုံးကို လက်ခနပြကာ အိမ်ထဲပြန်ဝင်သွားလေသည် ။
အပြင်မှာရှိနေတဲ့ လူတွေကတော့ မှုံလုပ်ပုံတွေအား အသဲယားနေလေတော့သည် ။ ထက်ယံလည်း စည်သူ့ကို မျက်စပစ်ပြကာ သီရိတို့ကို Cafe စီဆို့အရင်ခေါ်သွားခိုင်းလိုက်လေသည် ။
အရိပ်အကဲ နားလည်သည့် စည်သူက ခန့်ပိုင်အား ဂုတ်ကနေဆွဲခေါ်သွားပြီး သီရိတို့အနားကိုသွားကာ ...
'' သီရိ ငါတို့အရင်သွားနှင့်မယ်လေ ။ ငါတို့စာသွားလုပ်တဲ့ Cafe က လူအရမ်းများတာ တော်ကြာ နေရာမရမှာစိုးလို့... ''
YOU ARE READING
စေလိုရာစေ ( Completed )
Teen Fictionအချစ်ရေးတစ်ခုဟာသုံးပွင့်ဆိုင်ခဲ့သည်ရှိသော် တစ်စုံတစ်ယောက်ကတော့ နာကျင်မှုတွေနှင့်ကြုံတွေ့ရမည်မှာ သဘာဝပဲမဟုတ်လား ။ Re - Starting date >> 26.11.21 Ending date >> 23.12.21