Part 10

610 38 0
                                    

Unicode

💝စေလိုရာစေ 💝

Part ( 10)

''မနက်ဖြန် စာလုပ်မည့်နေရာကို သူလာခဲ့မယ်တဲ့... ''

'' အေ ကြားတယ်လေ ။ နင် Speaker ကြီးဖွင့်ထားတာကို သီရိမ နင်ဘာလုပ်လိုက်ပြန်ပြီလဲ... ''

'' ငါလည်း သတိမထားမိပဲ လွှတ်ခနဲ ပြောလိုက်မိတာ... ''

'' ကဲ ထားတော့ ဖြစ်ပြီးသွားမှလည်း ဘာတတ်နိုင်မှာလဲ... ''

မှုံလည်း သူကိုယ်တိုင် စိတ်ပူနေသော်လည်း သီရိ တို့ပါ စိတ်ပူနေမှာစိုးသည့်အတွက် ဖြေသိမ့်ကာ ပြောလိုက်လေသည် ။

မင်းထက်ယံနှင့် ကောင်းခန့်ရှိန် ဆိုတာ ထိပ်တိုက်တွေ့လို့ရတဲ့လူတွေမှမဟုတ်တာ။ တွေ့လိုက်တာနဲ့ တယောက်ကို တယောက် သတ်မယ်ဖြတ်မယ်ဆိုတာချည်းပဲလေ ။

မှုံလည်း ဟိုတွေးဒီတွေးနဲ့ အိပ်မရသည့်အတွက် ကော်ဖီပူပူလေးတခွက်ဖျော်ကာ အိမ်ရှေ့ ဝရံတာမှာထွက်ထိုင်နေလိုက်လေသည်။ အိမ်ရှင်မဟုတ်တဲ့ ဧည့်သည်မ နှစ်ယောက်ကတော့ အိပ်မောကျနေလိုက်တာ ဆင်တစ်ကောင်လုံး တက်နင်းရင်တောင်နိုးမည့်ပုံမပေါ်ပေ ။

~~~
ထက်ယံလည်း အိမ်ရှေ့ဝရံတာမှာ Earphone လေးတပ်ကာ သီချင်းနားထောင်နေရင်း မှုံ၏ အိမ်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါမှာတော့  သူ့ကလေးပေါက်လေးက ကော်ဖီ တခွက်ကိုင်ကာ  ထိုင်နေသည်ကိုတွေ့လိုက်ရသည့်အတွက် သီးချင်းလေးလည်း နားထောင်ရင်း ထို ကလေးပေါက်လေးကိုပါ မျက်စိတဆုံး ​ငေးကြည့်နေမိလေသည် ။

မနက်ကျရင် စာလုပ်ဖို့ဟန်ပြရင်း တွေ့မည်ဟုပြောထားသောကြောင့် ထက်ယံ စိတ်လှုပ်ရှားနေပေမယ့်လည်း သီရိ နှင့် နဒီပါ ပါလာမည်ကို သတိရသွားသဖြင့် မျက်နှာတချက်ပျက်သွားကာ Group chat ထဲသို့ ဝင်၍ စည်သူ နှင့် ခန့်ပိုင် အား

'' ဟေ့ရောင်​တွေ မနက် ၉နာရီ အရောက် ငါ့အိမ်လာခဲ့.''

'' ဘာလုပ်ဖို့လဲ... ''

'' စာနွှေးစရာရှိလို့...''

'' စာလုပ်မည် '' ဆိုသည့် Message လည်း မြင်ရော စာဂျပိုး စည်သူကတော့ ဘာမှမပြောပေမယ့် ခန့်ပိုင်ကတော့

စေလိုရာစေ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin