Part (7)

765 51 0
                                    

Unicode

💝စေလိုရာစေ 💝

Part (7)

ကောင်းခန့်နှင့်မှုံ စကားပြောနေသောကြောင့် ထက်ယံကလည်း စာအကြောင်းပြကာ မှုံကို ထိုစားပွဲဝိုင်းမှခေါ်ထုတ်သွားပြီး စာသင်ခန်းဘက်သို့ နှစ်ယောက်သားအတူထွက်သွားလေသည်။ လမ်းလျှောက်နေပေမယ့်လည်း ထက်ယံက မှုံ့မျက်နှာလေးကို ခိုးခိုးကြည့်နေရတာလည်း အလုပ်တလုပ်။ မှုံတို့ အခန်းဘက်သို့လမ်းလျှောက်သွားနေရင်း မှုံ့အနားကို လာနေသည့် သီရိနှင့်နဒီ တို့ကို စည်သူတို့က တွေ့လိုက်သောကြောင့် အခြေအနေသိသူပီပီ သီရိတို့နားအမြန်သွားးကာ

'' သီရိ နင်ဘယ်သွားမလို့လဲ... ''

'' မှုံ့စီသွားမလို့​လေ နောက်ဘယ်သွားရမှာလဲ... ''

'' အခု မသွားနဲ့အုံး နင်တို့နှစ်ယောက်ငါတို့နဲ့လိုက်ခဲ့။
ပြောစရာရှိလို့...''

သီရိတို့လည်းအူတူတူဖြစ်နေစဥ် စည်သူကပြောစရာရှိသည်ဟုပြောသောကြောင့် စည်သူ့နောက်ပါသွားကြလေသည် ။

မှုးအိန္ဒြာလည်း ကောင်းခန့်ကိုသွားရှာရင်းနဲ့ မှုံနဲ့ပြဿနာတက်ခဲ့သောကြောင့် ဒေါသထွက်နေစဥ် အခန်းအဝင်ဝကို လှမ်းကြည့်လိုက်ရာ မှုံ နှင့် ထက်ယံ က စကားတပြောပြောနှင့်လာသည်ကိုတွေ့လိုက်သော​ကြောင့် ပိုလို့တောင် ဒေါသထွက်သွားလေသည်။

မင်းထက်ယံနှင့် ကောင်းခန့်ရှိန်ဟာတော်ရုံမိန်းကလေးနဲ့စကားမပြောပေမယ့် မှုံနဲ့ကြတော့ စကားပြောနေသည်ကို
မှုးအိန္ဒြာကြည့်ကာ သဝန်တွေစွတ်တိုနေလေသည် ။

'' အော် ထက်ယံ ဆရာမ က ဘာစာထပ်ရှင်းခိုင်းထားလို့လဲ... ''

ထက်ယံလည်း မှုံမေးလိုက်တဲ့ စကားကြောင့် အကျပ်ရိုက်သွားလေသည်။ အမှန်က ရှိန်းနဲ့စကားပြောနေလို့ မှုံကိုခေါ်လာတာမဟုတ်လား။ ဒါကြောင့် ထက်ယံလည်း မဝံမရဲဖြင့် မှုံဘက်သို့လှည့်ကာ

'' အင်းး မှုံ အရှေ့က ပျက်ခဲ့တဲ့ စာတွေကူးခိုင်းတာ ၊ မှုံမသိရင်လည်းရှင်းပြလိုက်တဲ့ ။ နောက်နေ့ကျရင် Presentation လည်းရှိသေးတယ်ဆိုတော့ မှုံက စာတွေအားလုံးအဆင်သင့်ဖြစ်နေမှရမှာလေ... ''

စေလိုရာစေ ( Completed )Donde viven las historias. Descúbrelo ahora