Unicode
💝စေလိုရာစေ💝
Part ( 22)
အိမ်ပြန်တော့မယ်ဟု တခွန်းသာပြောပြီး ဘယ်သူ့မှကိုမကြည့်ကာ ထွက်သွားသောကြောင့် ထက်ယံလည်း သီရိတို့၏ အရှေ့တည့်တည့်မှာဝင်ထိုင်ကာ...
''ကဲ သီရိ မှုံဘာဖြစ်နေတာလဲ... ''
'' ဟိုလေ မှုံက ''
'' ဟ ပြောမှာသာ ပြောစမ်းပါ ငါ စိတ်ပူနေပြီ... ''
'' နေအုံး ထက်ယံ နင့်ကို ဟိုအကြောင်းတွေ မပြောခင် မေးစရာတခုရှိတယ်... ''
'' အေး မေး မေး... ''
'' နင် မှုံ့ကိုချစ်တာလား ၊ မှုးအိန္ဒြာကိုချစ်တာလား... ''
'' ဟ ဘယ်လို ရူးကြောင်ကြောင် မေးခွန်းကြီးလဲ နင်တို့လည်း သိတာပဲ ငါ မှုံ့ကို ချစ်နေတယ်ဆိုတာ ။ ဒါဆိုရင်တော့ အခုဖြစ်သမျှ ကိစ္စတွေက မှုးအိန္ဒြာ ကြောင့်လား... ''
'' မှန်တာပေါ့... ''
'' သူ မှုံကိုဘာတွေသွားပြောထားတာလဲကွာ တောက်...''
'' သူက မှုံကိုပြောတယ် နင်ကသူ့ကိုချစ်တယ်တဲ့ ပြီးတော့ မှုံကိုနင်နဲ့ဝေးဝေးခိုင်းတယ်... ''
'' ဟ အူကြောင်ကြောင် နဲ့ ငါသူ့ကို ဘယ်တုံးကချစ်တယ်ပြောလို့လဲ... ''
'' နင်က ဒါလေးပဲ ကြားပြီး ဒေါသထွက်နေတယ် နောက်ထပ် သူပြောတဲ့ စကားကြားရင်တော့... ''
'' သူ ဘာထပ်ပြောတာလဲ... ''
'' ငါတို့အဖွဲ့က ကြောင်တောင်နှိုက်ရတာ ဝါသနာပါတယ်တဲ့, ပြီးတော့ မှုံကလည်း ကျောင်းစဖွင့်ထဲက တယောက်ပြီးတယောက် ကို ဖမ်းစားနေတာတဲ့... ''
'' ဘာကွ ငါနဲ့တွေ့မယ် သူ... ''
'' ဟိုးထား မှုးအိန္ဒြာ ဆိုတဲ့ ဟာကို ငါနဲ့ နဒီ ရှင်းလိုက်မယ် နင် မှုံကို ဘယ်လိုဖြေရှင်းမလဲဆိုတာပဲစဥ်းစားထား... ''
ထက်ယံကို အကျိုးသင့်အကြောင်းသင့် အကုန်ပြောပြပြီး မှုးအိန္ဒြာ နဲ့သွားတွေ့ဖို့ အခန်းထဲ ဝင်မည်အလုပ် ကောင်းခန့်က
အပေါက်ဝမှာ ရပ်နေကာ...'' မှုံ မတွေ့ပါလား ဘယ်နားမှာလဲ ပြီးတော့ သူတနေ့လုံး မျက်နှာမကောင်းဘူးနော်... ''
YOU ARE READING
စေလိုရာစေ ( Completed )
Teen Fictionအချစ်ရေးတစ်ခုဟာသုံးပွင့်ဆိုင်ခဲ့သည်ရှိသော် တစ်စုံတစ်ယောက်ကတော့ နာကျင်မှုတွေနှင့်ကြုံတွေ့ရမည်မှာ သဘာဝပဲမဟုတ်လား ။ Re - Starting date >> 26.11.21 Ending date >> 23.12.21