Unicode
💝စေလိုရာစေ💝
Part ( 24) [ The End]
မှုံကိုလုံးဝဖုန်းဆက်လို့မရသဖြင့် စိတ်ပူသောကြောင့် ကောင်းခန့်
လည်း မှုံအကြိုက်ဆုံး Cafe မှ မုန့်ဝယ်သွားပြီး အိမ်ကိုသွားတွေ့မည်ဟုဆုံးဖြတ်ပြီး Cafe ထဲသို့ ဝင်စဥ် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့်ပြောစရာစကားများပင်ဆွံ့အသွားလေသည် ။မှုံနှင့်ထက်ယံ တယောက်ကိုတယောက် ဖတ်ကာ '' ချစ်တယ် '' ဟု ပြောသည်ကိုကြားလိုက်ရသဖြင့် နှလုံးသားတခုလုံး ကြေမွပြီး ယောကျ်ားကြီးတန်မဲ့ မျက်ရည်များပင် ဝဲလာလေသည် ။
နားထဲမှာတော့ ထက်ယံနှင့် သူနဲ့ တချိန်ကပြောခဲ့သည့် စကားကို ပြန်ကြားယောင်နေသဖြင့် ထိုနေရာကနေ တိတ်တိတ်လေးသာထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီး စိတ်ထဲကနေ
'' မှုံ နင်ပျော်မယ်ဆိုရင် ငါနင့်ထက်ပိုပျော်ရွှင်မိမှာပါ '' ဟုသာပြောပြီး ဝဲတက်လာသည့် မျက်ရည်များကို မျက်တောင်
ဖြင့်အသာယာလေးသာ ပုတ်လိုက်ပြီး ထိုနေရာကနေ ထွက်သွားလိုက်လေသည် ။~~~
ထက်ယံလည်း မှုံကို ဖက်ထားသော လက်များကို လွှတ်လိုက်ပြီး ဒူးထောက်ကာ ဘောင်းဘီအိတ်ထဲမှ လက်စွပ်ဘူးလေးကို မှုံ့အရှေ့သို့ကမ်းရင်း ပါးစပ်မှလည်း'' မှုံ ကိုယ်နဲ့အတူ အချိန်တွေအကြာကြီး အေးအတူပူအမျှ တူတူနေမလား ။ မှုံနှင့်မတွေ့ခင်က ကိုယ်အပြုံးဆိုတာ ဘာလဲတောင်မသိဘူး ။ မှုံက ကိုယ့်အတွက်တော့ ပျော်ရွှင်မှုကို ဆောင်ကျဥ်းပေးသူပဲ ။ အချိန်တွေအကြာကြီးအထိ မလျော့သော ချစ်ခြင်းများနှင့် မှုံ့ကို ချစ်ပေးမှာဖြစ်လို့ ကိုယ့်ကိုလက်ထပ်နိုင်မလား ''
ထက်ယံပြောသည့် စကားကြားပြီး မှုံလည်း မျက်ရည်ကျကာ လက်ကို အရှေ့ကမ်းပေးလိုက်ရင်း ပါးစပ်မှလည်း
'' အင်း လက်ခံတယ် ''
ထက်ယံလည်း မှုံပြောလိုက်သည့် စကားကြားကာ ပြုံးရင်း မှုံ၏ လက်ချောင်းသွယ်သွယ်လေးထဲကို ထက်ယံ လက်စွပ်လေးဝတ်ပေးလိုက်လေသည် ။
ထက်ယံတို့စကားပြောနေတာကို အကွယ် တနေရာကနေ နားထောင်နေတဲ့ အတွဲနှစ်တွဲက အနောက်ကနေ ထွက်လာပြီး
YOU ARE READING
စေလိုရာစေ ( Completed )
Teen Fictionအချစ်ရေးတစ်ခုဟာသုံးပွင့်ဆိုင်ခဲ့သည်ရှိသော် တစ်စုံတစ်ယောက်ကတော့ နာကျင်မှုတွေနှင့်ကြုံတွေ့ရမည်မှာ သဘာဝပဲမဟုတ်လား ။ Re - Starting date >> 26.11.21 Ending date >> 23.12.21