Part (12)

607 40 0
                                    

Unicode

💝စေလိုရာစေ 💝

Part ( 12)

ပြည်သူ့ရင်ပြင် သွားသည့်လမ်းတလျှောက်လည်း ကောင်းခန့်
က မှုံ့အနားကိုကပ်လိုက် ၊ ထက်ယံကလည်း မှုံ့ကိုသူ့နားဆွဲလိုက်နဲ့အလုပ်ရှုပ်နေကြပြီး မှုံ့ မှာတော့ သူတို့နှစ်ယောက်ကြားဗျာများနေလေသည် ။

မှုံ ဒီဟာ ကစား ချင်တယ်ပြောရင် နှစ်ယောက်လုံးကလိုက် ကစားပေးလိုက် ။ ဒီမုန့်စားချင်တယ်ပြောရင် လိုက်ဝယ်ကျွေးလိုက်ဖြစ်နေသောကြောင့် ဘေးမှာရှိတဲ့လူများက အံသြစွာကြည့်နေကြလေသည် ။

စကားကိုလိုတာထက်ပြန်မပြောထက်တဲ့ ထက်ယံကလည်း စကားတွေပြောလို့ပြော ။ လူတိုင်းကိုရန်ရှာတတ်တဲ့ ​ကောင်းခန့်ကလည်း အခုမှ လာနူးညံပြနေလေသည် ။

အချိန်အတော်ကြာ ကစားပြီးပြီဖြစ်၍ ညနေလည်းစောင်းနေပြီဖြစ်သောကြောင့်အားလုံးလည်း အိမ်ပြန်မည်လုပ်ကြစဥ် ကောင်းခန့် က မှုံဘက်သို့လှည့်ကာ

'' မှုံ ငါနင့်ကို လိုက်ပို့မယ်... ''

'' ရတယ် မလိုဘူး ငါ့ဘာသာငါ သွားလိုက်မယ်...''

'' နင့်စီက အလျော်တောင်းရအုံးမယ်လေ... ''

'' အဲ့အလျော်ကိစ္စကပြီးကိုမပြီးနိုင်တော့ဘူး... ''

'' ကဲပါ ငါလိုက်ပို့မယ် ...''

လိုက်ပို့မည်ဟုဆိုကာ မှုံ၏လက်ကောက်ဝတ်ကိုဆွဲပြီး ကောင်းခန့်က သွားမည်အလုပ် ထက်ယံက လက်ဖြင့် ဟန့်တားလိုက်လေသည်။ မှုံလည်း ဘေးဘီအခြေအနေကိုကြည့်ရင်း ဟိုနှစ်ယောက်က ရန်ဖြစ်မည့် အခြေအနေဖြစ်နေသောကြောင့်

'' ဟိုးထား ဟိုးထား ရန်မဖြစ်ကြနဲ့ ။ အဲ့လောက်လိုက်ပို့ချင်နေကြတယ်မလား ။ ဒီလိုလုပ် ငါ့ကို အားလုံးလိုက်ပို့ အဲ့တာပိုကောင်းတယ်... ''

'' အင်း အဲ့တာလည်း ကောင်းတယ် မှုံကိုငါတို့လိုက်ပို့ကြမယ် ''

ပြဿနာဖြစ်မည်ဆိုး၍ မှုံလည်းပညာသားပါပါထိန်းလိုက်လေသည် ။

အိမ်ပြန်သည့်လမ်းတလျှောက်လည်း မှုံက သီရိနဲ့ နဒီကို လက်သွားတွဲဖို့လုပ်တိုင်း ​ကောင်းခန့်က  အလယ်ကနေ ဝင်ဝင်ပြီးမှုံံဘေးနားကို သွားလိုက်လေသည် ။ ကောင်းခန့်လည်း မှုံအနားသို့ရောက်သွားတိုင်း ထက်ယံ၏ အကြည့်များက ဒိန်းခနဲပင်...

စေလိုရာစေ ( Completed )Where stories live. Discover now