Part (5)

880 47 0
                                    

Unicode

💝စေလိုရာစေ 💝

Part (5)

'' ကောင်းခန့်ရှိန် သူကဘယ်သူလဲ ''

မှုံလည်း ကြားနေရသည်များကို နားမလည်သောကြောင့်
သီရိအားမေးလိုက်ရာ..

'' နင် ကောင်းခန့်ရှိန် အကြောင်းရော မသိဘူးလား...''

'' နင်တို့လုပ်ပြန်ပြီ ငါက သူ့ကို ဘယ်လိုသိမှာလဲလို့... ''

သီရိလည်း မင်းထက်ယံ နှင့် ကောင်းခန့်ရှိန်တို့ကို မသိသည့်မှုံအား အံသြသောကြောင့်

'' ငါတို့ကျောင်းမှာ ပြဿနာသွားမရှာသင့်တဲ့သူတွေက မင်းထက်ယံ နဲ့ ကောင်းခန့်ရှိန်ပဲ, ကျောင်းမှာ သူတို့နှစ်ယောက်က မိန်းကလေးတွေရဲ့ အသဲစွဲပဲ ၊ ဒါပေမယ့် နှစ်ယောက်လုံးက အချေကိုယ်တော်တွေ ...''

'' အော် အဲ့လိုလား... ''

မှုံလည်း သီရိပြောသည့်စကားများကိုသေချာနားထောင်နေရင်း

'' မှုံ သီရိတို့နေရာမှာပဲ သွားထိုင်တော့မယ်နော် ကောင်းခန့်လာတော့မယ်ဆိုတဲ့ အငွေ့အသက်တွေရနေလို့... ''

'' အင်းး ဟုတ်ပြီလေ...''

သီရိတို့ကိုယ့်နေရာကိုယ်သွားထိုင်တော့မှ မှုံလည်းသူလွတ်သွားတဲ့ စာတွေကိုလုပ်နေစဥ်  ရုတ်တရက် အတန်းထဲတွင် ဆူညံသွားလေသည် ။

* ကောင်းခန့် လာပြီ>

* ကောင်းခန့် ကျောင်းပြန်လာပြီ ပျော်လိုက်တာ >

*ဟူးး ငါ့ ကောင်းခန့်လေးကိုမတွေ့ရတာတောင်ကြာပြီ ''

မှုံလည်းစာလုပ်နေစဥ် ဆူညံလာသောကြောင့် အသံလာရာဘက်ကိုကြည့်လိုက်ရာ

Model တစ်ယောက်လို စတိုင်ကျကျ မျက်နှာကိုတည်၍
ကောင်းခန့်ရှိန် အခန်းထဲသို့ဝင်လာလေသည် ။ ဆွဲသား T- shirt
ကိုမှ မိုးပြာရောင်လေးကို ဝတ်ဆင်ထားသည့်ကောင်လေးက အများအမြင်တွင် ဆွဲဆောင်မှုရှိနေသယောင်ပင် ။  တလောကလုံးသူ့လုပ်စာထိုင်စားနေသည့်ပုံနှင့် ဝင်လာသည့်သူကို မှုံ မြင်လိုက်တဲ့အခါ မနက်က သူရန်ဖြစ်ခဲ့တာတွေကို သတိရသွားသဖြင့် သွေးတက်သွားသလိုပင်ခံစားလိုက်ရလေသည်။

စေလိုရာစေ ( Completed )Tempat cerita menjadi hidup. Temukan sekarang