Part (20)

618 35 2
                                    

Unicode

💝စေလိုရာစေ💝

Part ( 20)

ကောင်းခန့် လည်းအရင်ကအကြောင်းတွေပြန်တွေးရင်းနဲ့ ထက်ယံဘက်သို့လှည့်ကာ

'' ထက်ယံ ဟိုတုန်းက ဖြစ်ခဲ့တဲ့အရာတွေကို ငါတောင်းပန်ပါတယ်ကွာ ။ ငါ မစဥ်းစားမဆင်ခြင်ပဲနဲ့ မင်းကို အပြစ်မြင်ခဲ့မိတယ်... ''

'' မင်းကအခုမှ လာတောင်းပန်တော့ ငါတို့ လိုချင်ခဲ့တဲ့ ပညာသင်ဆုက...''

'' အရာအားလုံးက ငါ့အပြစ်တွေပါ ငါမင်းကိုမယုံပဲနဲ့ သူ့ကိုယုံ​ကြည်ခဲ့မိတယ်...''

'' မင်းအပေါ် ဒေါသထွက်တာကလေ ပညာသင်ဆု မရယူနိုင်ခဲ့လို့မဟုတ်ဘူး။ နှစ်အကြာကြီး ခင်လာခဲ့တဲ့ သူငယ်ချင်း သံယောဇဥ် မှမထောက် မင်းသူ့ပြောစကားအချို့နဲ့ ငါ့ကိုလက်သီးနဲ့ထိုးခဲ့တယ်... ''

'' အဲ့အတွက် ငါအခုတောင်းပန်နေပြီလေ ။ ငါတို့အခုသူငယ်ချင်းသံယောဇဥ်အတွက်နဲ့ ခွင့်လွှတ်ပေးလေကွာ ။ပြန်ခင်လို့ရတာပဲ... ''

'' ဒါဆိုလည်း ခွင့်လွှတ်ပေးတယ်ကွာ... ''

ဘယ်လောက်ပဲ စိတ်ဆိုးဆိုးလေ တချိန်က အရမ်း ရင်းနှီးဖူးကြတဲ့ သူငယ်ချင်းတွေပဲမလား သံယောဇဥ်တော့ရှိကြတာပေါ့ ။

ထက်ယံက ခွင့်လွှတ်တယ်လည်းပြောရော ကောင်းခန့်
က စိတ်လှုပ်ရှားပြီးတော့ ဖက်မည်အလုပ် ထက်ယံက

'' ဟိုးထား ငါအခုထပ်ပြောမယ် ငါ မှုံကို ချစ်တယ်... ''

'' ငါလည်းချစ်တာပဲ... ''

'' ဒါဆို ရိုးရိုးသားသားပဲ လိုက်ကြတာပေါ့ ။ ငါတို့က ရန်ဖက်တွေမှမဟုတ်ပဲ ။ ငါတို့ သူ့ကိုလိုက်လို့ သူငါတို့ထဲက တယောက်ကိုရွေးခဲ့ရင် နောက်တစ်ယောက်က အလိုက်သိစွာနဲ့ နောက်ဆုတ်ပေးရမယ်... ''

'' အင်း လက်ခံတယ် ။ အခုတော့ မဖတ်ရတာကြာပြီဖြစ်တဲ့
ငယ်သူငယ်ချင်းကြီးကို တခါလောက်ဖတ်ရအောင် ...''

ခန့်ပိုင်လည်း ထက်ယံတို့ ဘာပြောနေလည်းဆိုတာ လာ ခိုးနားထောင်ရင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လန့်သွားကာ...

'' အားး... ''

ခန့်ပိုင်၏အော်သံကိုကြားလိုက်ရသည့်အတွက် မှုံတို့လည်း ရန်ဖြစ်နေပြီထင်ရင်း လန့်သွားကာ အမြန်ဆင်းလာသည့်အခါမှ ​ထက်ယံ နှင့် ကောင်းခန့် တယောက်ကို တယောက် ရယ်မောကာ စကား ပြောရင်း ဖတ်နေကြသည်ကို မြင်လိုက်ရသည့်အတွက် မှုံတို့မှာတော့ ငုတ်တုတ်မေ့သွားသလိုပင် ခံစားလိုက်ရလေသည် ။

စေလိုရာစေ ( Completed )Where stories live. Discover now