Part (1)

2.2K 74 0
                                    

Unicode
💝 စေလိုရာစေ 💝

Part (1)

'' ဟေ့ရောင် ထက်ယံ  ဒီနေ့ ငါတို့ မေဂျာ မှာကောင်မလေးတယောက်ရောက်တယ်တဲ့ ''

'' အဲ့တော့ ...''

ခန့်ပိုင်ကသာ တက်တက်ကြွကြွ နဲ့စကားတွေပြောနေပေမယ့်လည်း  မင်းထက်ယံ ခတ်ပြတ်ပြတ် စကားပြောလိုက်မှုကြောင့်
ခန့်ပိုင်မှာတော့ပြောစရာစကားများပင်ပျောက်ရှသွားရလေသည်

ခန်ပိုင် က ထက်ယံ အားစကားပြောနေပေမယ့်လည်းဘေးကနေ တချိန်လုံးငြိမ်ချက်ကောင်းနေသည့် စည်သူ က

'' မင်းကလည်း BBC ကြနေတာပဲ ကျောင်းမှာဘာပဲဖြစ်ဖြစ်မင်းမသိတာဘာမှမရှိဘူး ။ ယောကျ်ားတန်မဲ့စပ်စုတာလဲလွန်ရော ''

'' မင်းတို့ကလည်း ငါတို့အဖွဲ့မှာ ရှိတာမှသုံးယောက် တယောက်ကလည်း ကျောင်းတကျောင်းလုံးမှာ King , နောက်တယောက်ကလည်း စာဂျပိုး, တော်ပြီ မင်းတို့နဲ့ စကားမပြောတော့ဘူး ''

ခန့်ပိုင်လည်း စည်သူနဲ့ထက်ယံကိုပြောသည့်စကား​ကြားပြီး ဆူပုတ်ပုတ် ဖြစ်ကာ အခန်းထဲကထွက်သွားလေသည် ။

မင်းထက်ယံ တို့အဖွဲ့ကို ကျောင်းတကျောင်းလုံးမှာမသိတဲ့သူမရှိ
ချေ ။ မင်းထက်ယံ ဟုဆိုတာနဲ့ ကျောင်းမှာ ရှိတဲ့ ကောင်မလေးတွေက တမ်းတမ်းစွဲဖြစ်ကြလေသည် ။  ထက်ယံ၏ ပုံစံကတော့ အရပ်ခြောက်ပေနီးပါးလောက်ရှိသည် ။ ဖြူတာထက်ပိုပြီး ကြည်လင်သော အသားအရေ နှင့် တခါတခါ ပြုံးလိုက်ရင် ခွက်ဝင်သွားသော ပါးချိုင့်လေးတို့ကြောင့် လုံးဝကို ခန့်ညားလှသည်။ သို့သော် ထက်ယံ၏ တည်ကြည်လွန်းသော မျက်နှာထား နှင့် စကားကိုလိုတာထက်ပိုမပြောတတ်သောအကျင့်တို့ကြောင့် မိန်းကလေးတွေကြား ဆွဲဆောင်မှုရှိလွန်းနေသူဖြစ်သည် ။

ထက်ယံ ကောင်းကောင်း စကားပြောတာဆိုလို့ ခန့်ပိုင် နဲ့ စည်သူပဲရှိလေသည် ။ ပြုံးလိုက်ရင် နစ်ဝင်သွားသော ပါးချိုင့်ခွက်လို့သာပြောကြတာ ထက်ယံ၏အပြုံးကို မြင်ဖူးသူခပ်ရှားရှားပင် ။
ခန့်ပိုင် နှင့် စည်သူကတော့ ထက်ယံလောက်မချောပေမယ့် ကြည့်ကောင်းသည့်မျက်နှာထားလေးတွေနှင့်အတူ
စည်သူကလည်း စာဂျပိုး ၊ ခန့်ပိုင်ကလည်း BBC ဖြစ်သည့်အတွက်ကြောင့် သူတို့အဖွဲ့လေးဟာ လူချစ်လူခင်ပေါ်လှသည် ။

စေလိုရာစေ ( Completed )Where stories live. Discover now