Part (15)

579 32 0
                                    

Unicode

💝စေလိုရာစေ💝

Part ( 15)

မှုံနှင့်ထက်ယံ တူတူထွက်သွားတာကို မြင်လိုက်ရတဲ့ ကောင်းခန့်
ကတော့ နောက်ကလိုက်မည်အလုပ် မှုးအိန္ဒြာက လက်ကိုဆွဲကာ...

''ကောင်း ဘယ်သွားမလို့လဲ... ''

'' ငါ့ဟာငါ ဘယ်ပဲသွားသွားပေါ့... ''

'' ဟ ကောင်းခန့်ကလဲ သူများကို ဒီလောက်လေသံ ရင့်မာကြီးနဲ့ မပြောပါနဲ့ သူများက ဒီတိုင်းမေးတာကို ဒါနဲ့ ကောင်းခန့်လေး သွားတဲ့ နေရာကိုလိုက်မယ်လေ...''

ကောင်းခန့် လည်း သူ့လက်ကို ဆွဲကာ အသံကို ပြစ်နှစ်ပြီး ပြောနေတဲ့ မှုးအိန္ဒြာကြောင့် သေချင်စော်ပါနံသွားလေသည် ။
ဒီတိုင်းဆို ဒီအနားက ထွက်မရမည်ကိုသိနေသောကြောင့် အလျင်အမြန်ပင် မျက်နှာကိုရှုံမဲ့ကာ မှုးအိန္ဒြာဘက်သို့လှည့်လိုက်ပြီး...

'' မင်း ငါ ဘယ်သွားသွားလိုက်မလို့လား... ''

'' ဒါပေါ့ မယုံဘူးလား...''

'' အဟက် လာလေ ငါ အိမ်သာသွားတက်မလို့... ''

ကောင်းခန့်ရှိန် ပြောလိုက်သည့်စကားကြောင့် မှုးအိန္ဒြာလည်း လန့်ပြီး ဖတ်ထားသည့် လက်ကိုအမြန်ဖြုတ်ချကာ

'' မ.. မလိုက်ပါဘူး လိုက်စရာလား... ''

'' ဟော အပြောင်းအလဲကလည်း မြန်လိုက်တာ ငါကရော
​မင်းကို လိုက်ပါလို့ပြောနေလို့လား ။ သူပဲလိုက်မယ်ပြောနေပြီးတော့ ။ ''

'' အဲ့တာ အခုနပြောတာလေ... ''

'' အာရုံပဲ... ''

ကောင်းခန့် လည်း မှုးအိန္ဒြာ အားပြောပြီးတော့ အလျင်အမြန်ပင် မှုံတို့ ရှိနိုင်သည့် Canteen ကို အမြန်သွားပြီး ကြည့်ရာ ဟိုရောက်တော့

မှုံက ထက်ယံအား စာရှင်းပြနေပေမယ့်လည်း ထက်ယံမှာတော့ ပြုံးစိစိလုပ်ကာ စာကြည့်လိုက် မှုံ့မျက်နှာကို ကြည့်နေသည် ကိုတွေ့သည့်အတွက် အလျင်အမြန် ပင် မှုံတို့ မမြင်နိုင်လောက်သည့်ဝိုင်းမှာ ဝင်ထိုင်လိုက်လေသည် ။

ထက်ယံလည်းစာလုပ်နေရင်းနဲ့ မှုံ့အားခိုးကြည့်လိုက်ရာ မှုံနှင့်အကြည့်ချင်းဆုံသွားသဖြင့် သူခိုးလူမိဖြစ်သွားသောကြောင့်

စေလိုရာစေ ( Completed )Tempat cerita menjadi hidup. Temukan sekarang