Part (6)

834 51 0
                                    

Unicode

💝စေလိုရာစေ 💝

Part (6)

ထက်ယံလည်းမှုံအားလိုက်ရှာသော်လည်း ဘယ်နေရာမှာမှ မတွေ့ချေ ။ နောက်ဆုံး Canteen ထဲဝင်လာပြီး မှုံအားရှာရာ ဝိုင်းတဝိုင်းတွင် မှုံတို့ အဖွဲ့ထိုင်နေသည်ကိုတွေ့သောကြောင့် သူတို့ဝိုင်းနားမှာ သွားထိုင်မည်ဟုတွေးလိုက်ပေမယ့်လည်း မှုံ၏အရှေ့မှာထိုင်ကာ မှုံ့အား မျက်တောင်မခတ်ကြည့်နေသော ကောင်းခန့်
အားတွေ့သဖြင့် အနားသို့မသွားတော့ပဲ သူတို့ဝိုင်းနှင့် မလှမ်းမကမ်းတွင်ဝင်ထိုင်လိုက်လေသည် ။

~~~~
''ဆိုင်တာပေါ့ အဲ့ဂျပုမက မင်းပဲလေ... ''

ကောင်းခန့် ပြောလိုက်သည့်စကားကြောင့် မှုံ အပါအဝင် သီရိ တို့ပါ မျက်လုံးအပြူးသားဖြစ်သွာလေသည် ။ မှုံလည်း ရင်တွေတုန်ကာ ဘာပြောလို့ပြောရမလဲမသိစဥ် ကောင်းခန့် ကပဲ

'' အဟက် ဘာလဲ ငါ မင်းကို မမှတ်မိဘူးထင်နေတာလား ။ ငါ မင်းကို ဘယ်လိုမေ့မှာလဲ ။  ငါ့ကို ဒီလောက်ထိ ဘယ်သူကမှ မစွာဖူးဘူးလေ မင်းက ပထမဆုံးဆိုပါတော့... ''

ကောင်းခန့် ၏အေးစက်စက် စကားသံကြောင့် မှုံ အာခေါင်များပါ ခြောက်ကပ်သွားလေသည် ။

'' ဟုတ်တယ် နင်နဲ့ရန်ဖြစ်တာ ငါပဲ အဲ့တော့ဘာလုပ်ချင်လို့လဲ ...''

ကောင်းခန့် ဒီလောက်ပြောနေတာတောင်မှ တစက်ကလေးမှ ကြောက်ပုံမပေါ်ပဲ နှုတ်ခမ်းလေးထော်ကာ ရန်ဖြစ်နေသော မှုံ့ကိုကြည့်ကာ သီရိတို့ကတော့  ပြောစရာစကားများပင်မရှိတော့ချေ ။ ကောင်းခန့် နဲ့ မျက်နှာချင်းဆိုင်ပြီး ရန်ဖြစ်ဖို့နေနေသာသာကောင်းခန့် ဒီဘက်ကလာရင်တောင် အခြားသူတွေက ဟိုဘက်က လှည့်ထွက်သွားကြတယ်မဟုတ်လား။ အခု မှုံကတော့ ကောင်းခန့် ကိုကြောက်ဖို့ဆိုတာဝေးသေး ကောင်းခန့်သူ့ဆီက လုထားတဲ့ အအေးဘူးကိုပါပြန်လုလိုက်လေသည်။

'' အဟမ်းနောက်ဆုံး ကောင်းခန့် ကိုအနိုင်ပိုင်းတဲ့သူပေါ်လာပြီနော်..''

ထိုစကားကို သီရိ စိတ်ထဲမှာသာ ပြောလိုက်ပြီး မသိမသာလေး ခိုးပြုံးလိုက်လေသည် ။ ပြုံးသားပြုံးရတာ ကောင်းခန့်ရှိန်
ကိုလည်းအသာလေးလှမ်းကြည့်လိုက်လေသည် ။ တော်ကြာ သူတွေ့သွားမှ ဘာပြုံးတာလဲဆို ဒုက္ခများမည်မဟုတ်လော ။

စေလိုရာစေ ( Completed )Where stories live. Discover now