Part (13)

563 33 0
                                    

Unicode

💝စေလိုရာစေ 💝

Part ( 13)

'' မေမေ မေမေ ''

'' ကဲ မိမှုံ ဘာဖြစ်ပြန်ပြီလည်း ညကြီးမင်းကြီး...''

'' ဟို ထက်ယံ ဖုန်းဆက်တယ် တီစောက ပြောတယ်တဲ့ မနက်ကျရင် သူတို့အိမ်မှာ Breakfast လာစားပါတဲ့... ''

'' အဲ့တာ သမီး ဘာပြောလိုက်လဲ... ''

'' ဘာပြောရမှာလည်း မှုံလည်း မေမေ့ကို ​ပြောပြလိုက်မယ်လို့ပြောလိုက်တယ် ။ မေမေ သွားမှာလား...''

'' အင်းသွားမယ်လေ ။ မေမေတို့ မနက်စာစားပြီးရင် သမီးနဲ့သားလေးနဲ့ ကျောင်းတူတူသွားလိုက်ပေါ့... ''

'' အင်း အင်း  မေမေ့ သဘော... ''

'' ဘာကို မေမေ့သဘောလဲ ဟင်းး သမီးနော် မသိရင်ခက််မယ်...''

'' မေမေနော် ဘာတွေလျှောက်ပြောနေလဲမသိဘူး...''

အမေကနောက်လိုက်သောကြောင့် မှုံတယောက် ဆူပုတ်ကာ အမေအရှေ့မှထွက်သွားပေမယ့်လည်း ရင်ထဲမှာတော့ အမည်မသိလှိုင်းလေးတခုဖြတ်သန်းနေခဲ့သည် ။

~~~

'' မှုံရေ သမီး နောက်ကျနေပြီ စောတို့အိမ်လည်း သွားရအုံးမယ်မလား... ''

'' လာပြီ မေမေရဲ့... ''

ပါးစပ်ကသာ လာပြီပြောတာ လူက မရောက်လာသေးသည့် မှုံကြောင့် ဒေါ်လင်းလဲ့ လည်း ခေါင်းခါမိလေသည်။
သူအိပ်ရာထနောက်ကျသည်ကိုတော့ မပြောပဲ အခုမှ ​လှေကားပေါက ကပိုကရို ဆင်းလာကာ

'' ကဲ မေမေကလည်း တီစောတို့အိမ်က ဝေးတာမှမဟုတ်တာ... အိမ်ရှေ့လေးပဲကို...''

'' ရှည်မနေစမ်းနဲ့ သမီး ဖေဖေတောင် ထက်ယံတို့ ခြံထဲမှာထိုင်ပြီး စကားပြောနေကြတယ် သမီးက ပြင်လို့ဆင်လို့ကို မပြီးနိုင်တော့ဘူး... ''

ဒေါ်လင်းလဲ့ လည်း စကားလည်း ပြောရင်းနဲ့ မှုံလက်ကို ဆွဲကာ အိမ်ရှေ့ခြံထဲသို့ဝင်သွားလေသည် ။ ထက်ယံတို့အိမ်ရောက်လည်းရောက်ရော ထက်ယံက ဒေါ်လင်းလဲ့အား နှုတ်ဆက်ပြီး မှုံဘက်သို့လှည့်လိုက်ရာ မှုံက အရင်ကနဲ့ မတူပဲ တမူထူးခြားနေလေသည် ။ အနီရောင် မြန်မာဝမ်းဆက်လေးကို ဝတ်ကာ ဆံပင်ကိုလည်း အမြင့်စည်းထားပြီး ဆေးသားကူစရာမလိုပဲ ပန်းရောင်ကသန်းနေသည့် နှုတ်ခမ်းပါးလေးတို့ဖြင့် အတိုင်းထက်အလွန်ကို လှနေသဖြင့် ထက်ယံ ထိုပါးဖောင်းဖောင်းလေးကို ကုပ်ဖဲ့ချင်စိတ်ဖြစ်ပေါ်ကာ သတိမရှိပဲ မှုံကိုသာ ငေးကြည့်နေမိလေသည် ။

စေလိုရာစေ ( Completed )Where stories live. Discover now