Part (2)

1.2K 63 0
                                    

Unicode

💝စေလိုရာစေ 💝

Part (2)

စည်သူ နှင့် ခန့်ပိုင်က ဘေးနားကနေ ပေါက်ပေါက်ဖောက်နေသောကြောင့်  ထက်ယံတယောက် ဘာပြန်ဖြေရမည်ကိုမသိတော့ချေ ။ သူဘာလို့ မှုံကို မျက်တောင်မခတ်ပဲ ကြည့်မိခဲ့လည်းဆိုတာ သူကိုယ်တိုင်ပင် အဖြေရှာမတွေ့ခဲ့ချေ ။ ပုံမှန်ဆိုရင် သူက မိန်းကလေးတွေနဲ့ အရောဝင်တာမှမဟုတ်တာ...

'' ငါ့ဟာငါဘယ်လိုကြည့်ကြည့်ပေါ့ ရှည်ကိုရှည်ကြတယ် ''

ထက်ယံတယောက် မျက်နှာတည်ကြီးနဲ့ ဘေးနားကနေ ပွားနေတဲ့နှစ်ကောင်ကို ဟောက်လိုက်တော့မှ ပါးစပ်ပိတ်သွားလေသည် ။ ဒါတောင်မှ သူကိုကြည့်ကာ ရယ်ကျဲကျဲလုပ်နေသည့်အတွက်ကြောင့် အရှေ့မှာရှိတဲ့ စာအုပ်နဲ့ကောက်ပေါက်ဖို့လုပ်နေစဥ်

'' ကဲ  သမီးလေး ဟိုနားမှာ ခုံနှစ်ခုံလွတ်တယ် သမီး အဆင်ပြေတဲ့နေရာမှာ ဝင်ထိုင်လိုက်နော်... ''

'' ဟုတ်ကဲ့...''

မှုံလည်း ဆရာမ ​ပြောသည့် ခုံနှစ်ခုံကိုကြည့်ကာ
ဘယ်မှာထိုင်ရမလဲလို့ တွေဝေနေစဥ် ဆရာမ က တခုခုပြောရန် ပြင်နေသည်ကိုတွေ့သည့်အခါ ဆရာမ ကို အားနာသောကြောင့် အနားမှာရှိသည့်ခုံတခုံမှာသာဝင်ထိုင်လိုက်လေသည် ။

'' ကဲ ဒါဆို စာစသင်မယ် ''

ဆရာမကသာ အရှေ့ကနေ အားကြိုးမာန်ကြိုး နဲ့ ရှင်းပြနေတာ ကျောင်းသူ ကျောင်းသားတွေကတော့ စကားပြောသူကပြော ၊ အိပ်ငိုက်တဲ့သူကငိုက်နဲ့ အဆင်ပြေနေကြသည် ။

ရွှေဝတ်မှုံကတော့ ကျောင်းသူသစ်ပီပီ ဆရာမ ပြောသည့် အရေးကြီးအချက်မှန်သမျှကိုသေချာစွာလိုက်မှတ်နေလေသည်။

ဆရာမလည်းစာသင်ပြီး အခန်းပြင်ထွက်မည်လုပ်ပြီးမှ ပြောစရာစကားရှိသေးလို့ပြန်လှည့်ကာ

'' တီချယ် ဒီနေ့တော့ ထွေထွေထူးထူးပြောစရာသိပ်မရှိပါဘူး။ ကျောင်းသူသစ်ကို မိတ်ဆက်ပေးချင်တဲ့အတွက် တီချယ်လာခဲ့တာ ၊ မင်းတို့ဘက်က တီချယ့်ကို Presentation တခုလုပ်ပေးရမယ် ။ လုပ်မည့်နေ့နီးရင် တီချယ်အဖွဲ့ခွဲပေးမယ် ။ Presentation ကို ကောင်းကောင်းလုပ်နိုင်တဲ့သူကတော့ အမှတ်ကောင်းကောင်းရမယ် ။ ကဲ မေးစရာရှိသေးလား ''

စေလိုရာစေ ( Completed )Where stories live. Discover now