Part (21)

553 34 2
                                    

Unicode

စေလိုရာစေ

Part ( 21)

သိရိတို့ထွက်သွားမှ မှုံလည်း  မှုးအိန္ဒြာ ရှိရာဘက်သို့လှည့်ကာ...

'' ဘာပြောမလိုလဲ... ''

'' ပြောမှာပေါ့ ဘာတွေ ဒီလောက်လောနေတာလဲ...
   လာလေ Canteen သွားကြရအောင်... ''

'' ငါ Canteen သွားဖို့လာတာမဟုတ်ဘူးနော် ။ ပြောစရာရှိတာမြန်မြန်ပြော... ''

'' ကဲ ဒါဆိုရင် ငါနင့်ကို ရင်ဖွင့်စရာရှိလို့ ငါ့မှာ သူငယ်ချင်းလည်း များများစားစားမရှိဘူးဆိုတော့... ''

'' ဟာ လိုရင်းကိုပြောပါဟာ ဘာကိစ္စလဲ... ''

'' ဟိုလေ ငါ့ကို ထက်ယံ ကြိုက်နေလား မသိဘူး ။ ကြိုက်ရင်တော့ ငါ ချက်ချင်းကိုအဖြေပေးပစ်မှာ။ ငါလည်းသူ့ကိုချစ်တယ်လေ...  ''

မှုးအိန္ဒြာ ပြောလိုက်သည့် စကားကြားကာ မှုံ ရင်ထဲမှာ ဝမ်းနည်းသွားလေသည် ။ ဘာကြောင့် ဝမ်းနည်းမှန်းမသိပေမယ့် ဒီနေရာကနေ အမြန်ဆုံးထွက်သွားချင်မိသည် ။

'' အဲ့ အဲ့တာ နင်ငါ့ကို ဘာလို့လာပြောနေတာလဲ... ''

'' နင့်ကိုသိစေချင်လို့... ''

'' ဘာကိုလဲ... ''

'' ထက်ယံနှင့်ဝေးနိုင်သလောက်ဝေးဝေးနေပေးပါ ။ နင်တို့အဖွဲ့က ကြောင်တောင်နှိုက်ရတာဝါသနာပါတယ်ဆိုတော့... ''

'' နင်ဘာစကားပြောတာလဲ... ''

'' ဟုတ်တယ်လေ နင်ကျောင်းစတတ်တဲ့အချိန်ထဲက
တယောက်ပြီးတယောက်ကိုလိုက်ဖမ်းစာနေတာလေ... ''

မှုးအိန္ဒြာပြောသည့်စကားကြားပြီး မှုံလည်း ထိုနေရာကနေ အမြန်ထွက်လာလိုက်လေသည် ။ မှုးအိန္ဒြာ ပြောလိုက်သည့် စကားတခွန်းတိုင်းဟာ မှုံ၏ နားထဲမှာ ပဲ့တင်သံလို ရိုက်ခတ်နေပြီး ရင်ထဲကနေ တဆစ်ဆစ်နဲ့ နာကျင်နေလေသည် ။

မှုးအိန္ဒြာမှာတော့ သူကြံသည့် အကြံ တပိုင်းတစ အောင်မြင်သွားသည့်အတွက် မျက်နှာမှာ ညစ်ပြုံးတခုပန်ဆင်လိုက်လေသည် ။

အကြောင်းမရှိ မျက်လုံးမှလည်း မျက်ရည်တွေဝဲလာသဖြင့် မှုံကလည်း

စေလိုရာစေ ( Completed )Where stories live. Discover now