Part (23)

711 37 2
                                    

Unicode

💝စေလိုရာစေ💝

Part ( 23)

ညက သီရိပြောလို့ စည်သူလည်း ထက်ယံတို့ကို ပါ အပါခေါ်ပြီး သူတို့ သွားနေကြ Cafe ဆီသို့လျှောက်လှမ်းခဲ့လေသည် ။ Cafe သို့ ဝင်ဝင်ချင်း သီရိ နဲ့ နဒီ ကိုသာ တွေ့ရပြီး မှုံ မပါလာသည့်အတွက် ထက်ယံလည်း စိတ်ပျက်ပျက်ဖြစ်သာ ခုံတခုံပေါ်တွင်ထိုင်ချလိုက်လေသည် ။ ထိုင်သာထိုင်နေတာ အတွေးတွေက တနေရာ ရောက်နေသော ထက်ယံအား ကြည့်ပြီး ကျန်သူများလည်း အားမလိုအားမရ ဖြစ်နေလေသည် ။ ထက်ယံလည်း စိတ်ညစ်နေသော်လည်း မှုံ၏အကြောင်းသိချင်သည့်အတွက်ကြောင့် သီရိရှိရာ ဘက်သို့လှည့်ကာ...

'' သီရိ မှုံနေကောင်းလားဟင် ငါညက တညလုံးဖုန်းတွေဆက် ၊ စာတွေပို့နေတာ သူ့ဘက်က တခုမှပြန်မပြောဘူး...
ပြီးတော့ ဒီနေ့သူ နင်တို့နဲ့ ဘာလို့အတူမလာတာလဲ...
ကျောင်းတန်းသွားလိုက်တာလား...
နင်တို့ကရော ဘာပြောဖို့ခေါ်တာလဲ... ''

'' အမလေး ထက်ယံရယ် တခုချင်းစီမေးပါဟ... ''

'' အေ Sorry ပါဟာ ငါ စိတ်လောသွားလို့.. ''

'' မှုံကနေကောင်းပါတယ် ။ စိတ်အခြေအနေ မကောင်းလို့ ကျောင်းတော့မလာဘူးတဲ့ ။ ''

'' ဟ သူကျောင်းမလာရင် ငါ ဘယ်လိုဖြေရှင်းရမှာလဲ ''

'' စိတ်လျှော့ ငါ နင်တို့ကို အစီအစဥ် တခုပြောဖို့ ဖုန်းခေါ်တာ ''

'' ဘာလဲ... ''

'' ဒီလိုကွာ #### ....''

သီရိပြောသည့်အစီအစဥ်ကို အားလုံးက လက်ခံလိုက်ပေမယ့် ထက်ယံကမူ

'' ဟဲ့ သီရိ ဒီအစီအစဥ်ပဲရှိတာလား ။ တမျိုးကြီးဖြစ်မနေဘူးလား ''

ထက်ယံမေးသည့် မေးခွန်းကို သီရိက ပြန်ဖြေဖို့အလုပ် ခန့်ပိုင်ကကြားဝင်ကာ

'' ဒီမှာ ထက်ယံ မင်းဒီအလုပ်ကို အခုမှမလုပ်ရင် တသက်လုံး လုပ်လို့ရတော့မှာမဟုတ်ဘူးနော် ။ ပြီးတော့ ရန်သူတွေကလည်း အဖက်ဖက်က ဝိုင်းနေတာနော်... ''

ခန့်ပိုင်ပြောသည့်စကားကို အားလုံးက လက်ခံလိုက်ကာ အားလုံး၏ အကြည့်များက ထက်ယံစီသို့...

စေလိုရာစေ ( Completed )Where stories live. Discover now