Part (8)

713 45 0
                                    

Unicode

💝စေလိုရာစေ 💝

Part (8)

ဒေါသူပုန်ထကာ ထွက်သွားသော ထက်ယံနောက် စည်သူတို့ အမြန်လိုက်နေရင်းနဲ့ မျက်စိရှေ့မှ ပျောက်သွားသောကြောင့် ထက်ယံ သောက်နေကျ Cafe စီသို့သွားကာ ရှာမှ ထက်ယံ တယောက် ထိုင်နေသည်ကို တွေ့သဖြင့် စည်သူတို့လည်းထိုဝိုင်းတွင်သာအမြန်ဝင်ထိုင်လိုက်ကာ ပါးစပ်မှလည်း

'' ဟေ့ရောင် ထက်ယံ မင်း မှုံ့ကိုချစ်သွားတာလား ''

မေးသာမေးရတာ ဒေါသထွက်ပြီး အော်ခံရမှာကိုလည်းစိုးရိမ်နေရသည် ။ သူတို့မေးသည့်မေးခွန်းကို ထက်ယံ တယောက်စဥ်းစားနေရင်း ခနအကြာမှ

'' မသိဘူးကွာ ။ သူ ငါ့အနားရှိရင် ငါရင်ခုန််တယ်။ အနားမှာမရှိရင် တွေ့ချင်မိတယ် ။ သူ့မျက်နှာလေးကိုပဲ ငါတွေ့ချင်နေမိတယ် ။ ဒီအရာတွေက အချစ် ဆိုရင်တော့ ဟုတ်တယ် ငါသူ့ကိုချစ်နေမိပြီ ။ မြင်မြင်ချင်း အချစ်က ဆန်းကြယ်တယ်ဆိုတာ သူများပြောတော့မယုံမိခဲ့ဘူး ။ ဒါပေမယ့် ငါအခု ကိုယ်တိုင်ကြုံတွေ့ခဲ့ရတော့ အဆုံးအရှုံးမခံနိုင်လောက်အောင်ပင် ချစ်နေမိပြီ... ''

သူတို့မေးသည့်မေးခွန်းကြောင့်အော်ခံရမယ်ထင်ပေမယ့်လည်း ဟိုက ရင်တွင်းဖြစ်တွေကိုထုတ်ပြလိုက်သည့်အတွက် စည်သူတို့မှာတော့ ပြန်ပြောစရာစကားပင်မရှိတော့ချေ။

~~~
ကောင်းခန့်ရှိန် ဆိုသည်မှာရုပ်ကလေးက​ချောတော့ မိန်းကလေးများကလည်းသူ့နားဝိုင်းဝိုင်းလည်နေကြလေသည်။ ကောင်းခန့်ရှိန် က မိန်းကလေးတွေဆို တယောက်ပြီးတယောက် ထည်လည်
တွဲသည့်အတွက်ကြောင့် ထက်ယံနှင့် ပြဿနာဖြစ်ခဲ့ရသည်မဟုတ်လား။ အခုတော့ မှုံအားလိုက်ဂရုစိုက်နေခြင်းမှာလည်း
ဘာအကြောင်းကြောင့်လည်းမသိချေ။

~~~
မှုံလည်းသီရိတို့နှင့် ဖုန်းစကားပြောပြီး ပင်ပန်းလွန်းလို့ ကုတင်ပေါ်မှာ လှဲကာ အတွေးနယ်ချဲ့နေစဥ် မေမေက အခန်းတံခါးကို လာခေါက်သောကြောင့်

'' မေမေ ဝင်လာခဲ့လေ မှုံ တံခါး lock မချထားဘူး... ''

'' အင်းး သမီးလေး နားနေတာလား မေမေက မနက်ဖြန် အိမ်သစ်တက်ပွဲမှာ သမီးလေးကို ဝတ်စေချင်လို့ ဝယ်ထားတဲ့ အကျ်ီလာပေးတာ... ''

စေလိုရာစေ ( Completed )Where stories live. Discover now