Part (17)

551 34 0
                                    

Unicode

စေလိုရာစေ

Part ( 17)

မှုံလည်း ညက အိပ်ရာဝင်နောက်ကျသောကြောင့် ခေါ်မကြား အော်မကြားအောင်ကို အိပ်မောကျနေစဥ် ဘေးကနေ စကားပြောသံတွေ ဆူညံနေသည့်အတွက် မျက်လုံးဖွင့်ကြည့်လိုက်ရာ သီရိတို့အပြင် မေမေပါရှိနေသည့်အတွက်

'' ဟားး မေမေတို့ အခန်းထဲမှာ ဘာလာလုပ်နေကြတာလဲ။ အိပ်နေတာကို ဆူညံနေကြတာပဲ... ''

''သမီးလေး က အိပ်နေတာ ဘယ်အချိန်ရှိနေပြီလဲဟင် ကျောင်းသွားဖို့ အာရုံ ရှိသေးလား... ''

ဒေါ်လင်းလဲ့လည်း စကားပြောရင်းဆိုရင်း မှုံ့ ခေါင်းလေးကိုခွက်ခနဲ ခေါက်ကာ သီရိ ဘက်သို့လှည့်ရင်း

'' သမီး သူ့ကို ပြင်ဆင်းခိုင်းပြီးမှ အောက်ခေါ်လာခဲ့နော် အန်တီ အောက်မှာ သားလေးတို့စီ သွားလိုက််အုံးမယ်... ''

အမေ ဖြစ်သူက ခေါင်းခေါက်လိုက်သဖြင့် နာသွားလို့ ရှုံ့မဲ့မဲ့ ဖြစ်နေရင်းကနေ မေမေက သီရိအား ပြောသွားသည့် စကားကို နားမလည်သောကြောင့်

'' ဟဲ့ နင်တို့ ဘာတွေပြောနေကြတာလဲ ။ ဘယ်သားလေးလဲ''

'' အဟမ်း နင်မသိဘူးဆိုတာ မယုံပါဘူးနော်..''

'' လာပြန်ပြီ ပေါက်ကရတွေ ငါကဘယ်လိုသိမှာလဲလို့... ''

'' ကဲ ဟုတ်ပြီ မသိဘူးဆိုလည်း ထားလိုက်ပါတော့ လောလောဆယ် မြန်မြန်ပြင်ဆင်လိုက် နင့်ကို ကျောင်းသွားဖို့ လာခေါ်တဲ့သူက ငါတို့အပြင် ထက်ယံတို့အဖွဲ့ပါပါတယ်... ''

'' ဟမ်...''

တကယ်လည်း မှုံတကယ်နောက်ကျနေပါပြီ။ သီရိတို့မှလာမခေါ်ရင် ကျောင်းသွားဖြစ်မည့်ပုံမပေါက်ချေ။
ထက်ယံကလည်း မှုံ ကျောင်းမလာမည်ကိုစိုးရိမ်သောကြောင့် တမင်  ခန့်ပိုင်ကိုပြောပြီး သီရိတို့ကိုခေါ်ကာ မှုံ့ကိုလာခေါ်ရခြင်းပင်ဖြစ်လေသည် ။

မှုံလည်း စောင့်နေသည့်သူတွေကို အားနာသောကြောင့် အမြန်ဆုံး ပြင်ဆင်ပြီး သီရိတို့နှင့်အတူ အောက်သို့ဆင်းလာကာ မေမေ့ကို နှုတ်ဆက်ပြီး ထွက်သွားကြလေသည် ။ အိမ်အပြင်လည်း ရောက်ရော ထက်ယံက အရင်စကာ

စေလိုရာစေ ( Completed )Where stories live. Discover now