Part (16)

532 33 0
                                    

Unicode

💝စေလိုရာစေ💝

Part ( 16)

မှုံတို့လည်း တယောက်နှင့်တယောက် စကားပြောပြီးရယ်မောနေကြစဥ် အနောက်နားမှာထိုင်နေသည့် မှုးအိန္ဒြာက  မှုံတို့ဘက်ကို ကြည့်ပြီးတမင် မကြားကြားအောင်

'' ကြောင်တောင်နှိုက်အဖွဲ့... ''

သီရိနှင့်နဒီကတော့ သွားပြီး ဆံပင်ဆွဲဆောင့်လိုက်ချင်ပေမယ့်လည်း မှုံက မျက်စဖြင့် မလုပ်နဲ့ဟု အချက်ပြလိုက်သောကြောင့်ဘာမှမလုပ်ပဲ မျက်စောင်းတချက်ထိုးကာ ထိုအခန်းထဲကနေပဲ ထထွက်လာကြလေသည် ။

မှုးအိန္ဒြာ က ပြဿနာ တက်ချင်လို့ပြောပေမယ့်လည်း
ဟိုသုံးယောက်က အရေးပင်မလုပ်ပဲ ထွက်သွားသော
ကြောင့် ဆွေ့ဆွေ့ခုန်ကာ ​ကျန်ခဲ့ရလေသည် ။

မှုးအိန္ဒြာ ဆိုတဲ့ မိန်းမက မင်းထက်ယံကို ကြိုက်နေတယ်လည်းမဟုတ်သလို ကောင်းခန့်ရှိန် ကိုလည်း သဘောမကျပါဘူး ။ သူမ လိုချင်သည့်အရာက ကျောင်းက ခန့်အညားဆုံးဖြစ်သည့်
ကောင်လေးနှစ်ယောက်က သူ့ကိုကြိုက်စေချင်ယုံတင် ။ အခု ဟို နှစ်ယောက် က သူ့ကို မကြိုက်ယုံသာမက မှုံအနားကို ကပ်နေသည့်အတွက် လုံးဝကိုမကျေနပ်ချေ ။

~~~
မှုံမှာတော့ အိမ်ပြန်ရောက်ပြီး စာအနည်းငယ်လုပ်ရင်း စားပွဲမှာပဲ အိပ်ပျော်သွားလေသည် ။ အိပ်မောကျနေရင်းနဲ့ အောက်ထပ်ကနေ အမေဖြစ်သူ၏အော်သံကြားသောကြောင့် လန့်နိုးပြီး နာရီကြည့်လိုက်သည့်အခါ 8 နာရီပင် ခွဲနေသည်ဖြစ်သည် ။ ဒါနဲ့ပဲ သူ့ကို မေမေအော်တော့မည်ကို သိသောကြောင့် အမြန်ပင် အောက်ဆင်းကာ...

'' ဟီးး... ''

'' မိမှုံ ဒီလောက် အောက်ကနေ အော်ခေါ်နေတာ ခေါ်မကြား အော်မကြားနဲ့ ဘာလုပ်နေတာလဲ... ''

'' မီpresentation အတွက် စာလုပ်ရင်း နဲ့ အိပ်ပျော်သွားတာ... ''

'' လာ ထမင်းဝင်စား...''

'' မစားချင်တော့ဘူး ဒါပဲမေမေ ချစ်တယ်... ''

မှုံလည်း အလျင်အမြန်ပင် မေမေ့ကိုပြောပြီး အိမ်ပေါ်ကိုပြေးတက်သွားလေသည် ။ အခန်းထဲလဲရောက်ရော ရှိတဲ့ မုန့်ထုတ် ကိုဖောက်စားကာ ရုပ်ရှင်ကြည့်နေစဥ် ဖုန်းဝင်လာသောကြောင့် Screen ကိုလှမ်းကြည့်လိုက်ရာ'' ကောင်းခန့်ရှိန်  '' ဖြစ်နေလေသည် ။

စေလိုရာစေ ( Completed )Where stories live. Discover now