Part (19)

513 34 0
                                    

Unicode

စေလိုရာစေ

Part ( 19)

မှုံလည်းတံခါးဘဲလ်တီးနေသောကြောင့် သွားဖွင့်လိုက်ရာ
ကောင်းခန့်ရှိန်ဖြစ်နေသည့်အတွက် အံ့သြကာ

'' နင် Presentation ထပ်ရမယ်မလား... ''

'' ငါ ဆရာမကိုပြောလိုက်တော့ ဆရာမက နောက်ထပ်နှစ်ရက် အချိန်ထပ်ပေးတယ် ။ ငါလည်းသိပ်မသိတာတွေရှိသေးတာနဲ့
နင့်ကိုမေးမယ်ဆိုပြီး လာလိုက်တာ စိတ်မဆိုးဘူးမလား... ''

''  ငါက ဘာကိစ္စနဲ့ စိတ်ဆိုးရမှာလဲ ။ လာလေ ဝင်ခဲ့.''

မှုံလည်း ကောင်းခန့်အား အားလုံး ဝိုင်းကာ ထိုင်နေသည့်နေရာသို့ ခေါ်သွားလိုက်ရာ ကောင်းခန့်ကိုမြင်သဖြင့် ထက်ယံလည်း အခုန ပြုံးပျော်ရွှင်နေသည့်စိတ်တောင်ဘယ်ရောက်သွားမှန်းမသိချေ။

ထက်ယံဒေါသထွက်နေသည်ကို သိနေသည့် ခန့်ပိုင်က မရဲတရဲဖြင့် ကောင်းခန့် ဘက်သို့လှည့်ကာ...

'' မင်း Presentation ရှိသေးတယ်မလား ဘယ်လိုဖြစ်လို့ထွက်လာတာလဲ... ''

'' ငါ့ဟာငါ ဘယ်လိုထွက်လာလာပေါ့ ။ မင်းနဲ့ဘာဆိုင်လဲ ... ''

ခန့်ပိုင်ကဒီတိုင်းသဘောရိုးဖြင့်မေးလိုက်သော်လည်း ကောင်းခန့်ရှိန်ကမူ ဒေါသထွက်သည့်ပုံစံနဲ့ဖြေလိုက်သည့်အတွက်ကြောင့် ခန့်ပိုင်တယောက်မျက်နှာပျက်သွားလေသည် ။ မှုံလည်း မျက်နှာပျက်သွားသည့် ခန့်ပိုင်ကို မြင်လိုက်သည့်အတွက်ကြောင့်
ကောင်းခန့် ဘက်သို့လှည့်ကာ

'' စကားကို အေးဆေး ဖြေလို့မရဘူးလား တချိန်လုံး ရန်စွာနေတဲ့ပုံစံနဲ့...''

'' ငါ အေးဆေးပဲဖြေတာပဲ... ''

'' အော် အေးဆေး အေးဆေး... ''

ထက်ယံတယောက်ဒေါသထွက်နေသည့်အတွက်မျက်နှာပင်ရဲတွတ်နေလေသည်။ အားလုံးဝိုင်းဖွဲ့ကာ စကားပြောနေပေမယ့်လည်း ကောင်းခန့် ကမူ မေးလေးထောက်ကာ မှုံ့အားခိုး၍ကြည့်နေလေသည် ။ ထက်ယံလည်း ဒီမှာ ထပ်နေရင် ရန်ဖြစ်မှာ စိုးသည့်အတွက် ကောင်းခန့်ကိုကြည့်ကာ

'' ငါနဲ့အပြင်လိုက်ခဲ့ ပြောစရာရှိတယ်...''

'' ငါကဘာကိစ္စနဲ့လိုက်ရမှာလဲ... ''

စေလိုရာစေ ( Completed )Where stories live. Discover now