Part (4)

925 51 0
                                    

Unicode
💝စေလိုရာစေ 💝

Part (4)

လက်ထဲမှာ Milo တစ်ဘူးကိုကိုင်ကာ မုန့်စားရင်းမှုံလည်း လောလော လောလော နဲ့ ထွက်လာနေစဥ်

'' ဘုန်းး... ''

လူတယောက်နဲ့ တိုက်မိသွားသောကြောင့် လက်ထဲမှာကိုင်ထားတဲ့ Milo ဘူးနှင့်အတူ စားနေတဲ့ မုန့်လေးပါ ပြုတ်ကြသွားလေသည် ။ မှုံလည်း လက်ထဲမှာ ကိုင်ထားတဲ့အရာအားလုံးပြုတ်ကြသွားသောကြောင့်

'' ရားး လမ်းကိုကြည့်ပြီးမလျှောက်နိုင်ဘူးလား... ''

မှုံလည်းစကားပြောရင်းနဲ့ခေါင်းမော့ကြည့်လိုက်တော့ ထိုလူက

'' ဘာ လမ်းလျှောက်တာသူကကြည့်မလျှောက်ပဲနဲ့ ရှပ်ပြာရှပ်ပြာနဲ့ ငါ့ကိုလာပြီးအပြစ်ပြောနေတယ်... ''

'' ဘာရှင့် မှုံက ကိုယ့်လမ်းကိုယ်လာတာ ရှင်ကသာ တလောကလုံး ရှင့်လုပ်စာထိုင်စားနေတဲ့ မျက်နှာပေးနဲ့ ပြီးတော့လည်း ရန်ဖြစ်တဲ့ပုံစံကိုက မိန်းမလိုမိန်းမရ နဲ့... ''

ကောင်းခန့်ရှိန် လည်း သူ့အရှေ့မှာရပ်ပြီး တလုံးမကျန်ပြန်ပြောနေသည့် ကောင်မလေးကြောင့် သွေးပါတက်ချင်သလိုဖြစ်သွားလေသည် ။ သူ့ကို ဒီကျောင်းမှာပြန်ပြောဖို့ နေနေသာ မျက်စိတောင်လှန်ပြီးကြည့်ရဲတာမဟုတ်ဘူးလေ ။ သူလည်း ဒေါသထွက်လာရင် အရှေ့က ကောင်မလေးကို တခုခုလုပ်မိမှာစိုးသောကြောင့်

'' ဒီမှာ နှစ်ပေတစ်လက်မ ငါက ကိုယ့်လမ်းကိုယ်လာတာ မင်းကသာ မုန့်ထဲမျက်နှာဝင်နေတာ... ''

သူ့ကို နှစ်ပေတစ်လက်မ လို့ခေါ်တဲ့ အရှေ့က အကောင်ကို မှုန် ကုပ်ဖဲ့ ချင်စိတ်ကို မနည်းထိန်းထားရသည် ။ နောက်ပြီးမှ သူက ကျောင်းသူသစ်လည်း​ဖြစ်တယ်ဆိုတော့ ပြဿနာမရှာသင့်ဘူးဟုတွေးကာ ကောင်းခန့်၏ခြေထောက်ကို တက်နင်းကာထွက်သွားလိုက်လေသည် ။

'' အားး... ''

' တော်သေးတာပေါ့ ဒီနားမှာ လူသိပ်မရှိလို့ မဟုတ်ရင် ငါ့လို
ကောင်းခန့်ရှိန် ကို ကောင်မလေးတယောက်က ။ အဟက် ဂျပုမရေ နင့်ကိုငါ ဘယ်နေရာကဖြစ်ဖြစ်ရှာထုတ်ပြမယ်... '

စေလိုရာစေ ( Completed )Where stories live. Discover now