Part (14)

582 35 2
                                    

Unicode

စေလိုရာစေ

Part ( 14)

'' မှုံ ဟိုနေ့က ငှားလိုက်တဲ့ စာအုပ်လေးတွေ အဆင်ပြေလား...''

'' အင်း ပြေတယ် မှုံမေ့နေတာ ထက်ယံကို အဲ့စာအုပ်လေးတွေပြန်ပေးရအုံးမယ်... ''

'' ရတယ် ကျောင်းခန်းထဲရောက်တော့မှပေးတော့လေ သွားကြမယ်... ''

'' အင်း...''

မှုံက ကောင်းခန့် နဲ့ စကားပြောပြီး နေခဲ့မှာ စိုးသည့်အတွက် ထက်ယံလည်း မရှိရှိသည့် အလုပ်ကို ဗန်းပြပြီး မှုံအားခေါ်ထုတ်သွားလေသည် ။ ကျန်နေခဲ့တဲ့ ကောင်းခန့် ကတော့ ထက်ယံအား မျက်စောင်းတခဲခဲနှင့်ကြည့်နေလေတော့သည် ။

~~~~
အခန်းထဲလည်းရောက်ရော မှုံက သီရိတို့ထိုင်ရာနေရာသို့ မျက်စိဝှေ့ကြည့်လိုက်ရာ သီရိကိုသာ တွေ့ပြီး နဒီအား မတွေ့သည့်အတွက် သီရိ အနားသို့သွားကာ

'' ဟေ့ သီရိ... ''

'' အမလေး အမှုံမရယ် လန့်လိုက်တာဟ... ''

'' အမ် ငါက ဖြေးဖြေးလေးခေါ်တာပါ နင့်အတွေးတွေကဘယ်ကိုရောက်နေလို့တုန်း...''

'' ဟိုတွေးဒီတွေးပါ ဒါနဲ့နင်ဒီနားမှာထိုင်မလား...''

'' ထိုင်လို့ရရင်ထိုင်မယ်လေ ။ ဒါနဲ့ နဒီရော မလာသေးဘူးလား ''

'' အေးထိုင် ငါလည်း အဖော်ရတာပေါ့ ။ နဒီက သူ့အကောင်နဲ့လာလိမ့်မယ် ။  ''

'' ဟမ် နဒီကဘယ်တုန်းကကောင်လေးရသွားတာလဲ။ ပြီးတော့ အဲ့ကောင်လေးကဘယ်သူလဲ။ နင်တို့က ကျောင်း တူတူလာတာမလား... ''

လက်ညိုးတချောင်းချိုးချိူးပြီး ရယ်မောကာ ပြောနေသည့် မှုံအား ထက်ယံတယောက် စာဖတ်သလိုနဲ့ စာအုပ်လေးကွယ်ကာ ကြည့်နေမိလေသည် ။

'' ဟာ မှုံနင်ကလဲဟယ် တခုချင်းစီမေးပါဟ...''

'' အေးပါ အခုဖြေတော့... ''

'' နဒီ့ရဲ့ကောင်လေးက ခန့်ပိုင်တဲ့ ။ ကျောင်းကို တူတူတော့လာတာပဲ သူ့အကောင် ရောက်လာလို့ ငါ့ကို စည်သူနဲ့ ဒုတိယတခါထားပြီးထွက်သွားတယ်... ''

'' ဟယ် ဘယ်တုန်းထဲက သူတို့တွဲလိုက်ကြတာလဲ... ''

'' မနေ့က ပြည်သူ့ရင်ပြင် သွားတုန်းကတဲ့... ''

စေလိုရာစေ ( Completed )Where stories live. Discover now