Part (18)

553 36 7
                                    

Unicode

💝စေလိုရာစေ💝

Part ( 18)

ခန့်ပိုင်ပြောလိုက်သည့် စကားကို အားလုံးက ဝိုင်းရီကြပေမယ့် ရှိ
ကောင်းခန့်က ခပ်တည်တည် နဲ့ မှုံဘက်သို့လှည့်ကာ

'' ဒါဆို ငါက Presentation မပြီးသေးဘူးလေ နင့်အိမ်ဘယ်လိုလိုက်ရမှာလဲ... ''

ကောင်းခန့်၏မေးခွန်းကို မှုံကပြုံးကာပြန်ဖြေမည်အလုပ် ယထက်ယံက ကောင်းခန့်ကိုကြည့်ကာ

'' မင်းမပြီးသေးရင် မလိုက်နဲ့ပေါ့ ။ ဘယ်သူက အတင်းခေါ်နေလို့လဲ... ''

'' ငါ မင်းကိုမေးလား ...''

'' မမေးပေမယ့်ကြားနေရလို့ ဖြေလိုက်တာ မင်းအသားပဲ့ပါသွားလား... ''

'' ဟေ့ရောင်... ''

စကားအကောင်းပြောရာကနေ တယောက်ကိုတယောက် ဆွဲထိုးမလိုဖြစ်နေကြသည့်နှစ်ယောက်အားကြည့်ကာ ဘေးမှာကျန်သည့်လူများကတော့ ဝင်မ​ပြောရဲသဖြင့် တံတွေးမျိုချကာ ပွဲကြည့်နေရသည် ။သူတို့ ရန်ဖြစ်နေသောကြောင့် စည်သူနှင့်ခန်ပိုင် လည်း ဘာမှဝင်ပြောလို့မရချေ။ နောက်ဆုံး သူတို့နှစ်ယောက်ကို ဘယ်သူမှာတားလို့မရသည်ကို သိနေသည့် မှုံကတော့ အရဲစွန့်ကာ...

'' ကဲ တော်ပြီ ဘာမှမဟုတ်တာကိုရန်ဖြစ်နေကြတယ်... ''

မှုံပြောလိုက်မှ နှစ်ယောက်လုံး တယောက်ကိုတယောက်ပြူးကြည့်နေတာကနေ မျက်နှာလွှဲသွားလေသည်။ နောက်ဆုံးမှ
ကောင်းခန့် လည်းမှုံဘက်သို့ မျက်နှာငယ်လေးနဲ့ ကြည့်ပြီး

'' ငါက presentation မပြီးသေးဘူးလေ ။ ဘယ်လိုလုပ်ရမလဲ..''

'' ငါ့အိမ်မှာ လူစုပြီး မုန့်စားကြတာက အရေးကြီးတာမှမဟုတ်တာ။တကယ်အရေးကြီးတာက ဒီ Presentation ပြီးဖို့လေ ။
ဒီအမှတ်တွေက ငါတို့ Final exam မှာပေါင်းမှာဆိုတော့... ''

'' အင်း ဒါဆိုလည်း ငါ presentation ပဲလုပ်ပါတော့မယ် ။ နောက်တခေါက်ကျရင်တော့ နင့်အိမ်မှာ ငါ့ကိုဖိတ်ရမယ်နော် ။ ''

'' သေချာတာပေါ့ ဘာလို့မဖိတ်ရမှာလဲ အမှန်တကယ် နင်သာ Presentation ပြီးနေရင် အခုတောင် လိုက်လို့ရပြီ ။ ဒါပေမယ့် အခုမပြီးသေးတော့ ။ ငါတို့သွားလိုက်အုံးမယ်နော်... ''

စေလိုရာစေ ( Completed )Where stories live. Discover now