Unicode
💝စေလိုရာစေ 💝
Part (9)
'' စော ငါတို့က အချစ်ဆုံးသူငယ်ချင်းတွေတင်မကတော့ဘူး အခု အိမ်နီးချင်းတွေပါဖြစ်နေပြီ ...''
မှုံလည်း အလုပ်လုပ်နေရင်းနဲ့ မေမေ့ စကားကြားလိုက်သည့်အတွက်အံ့သြစွာလှည့်ကြည့်လိုက်ကာ...
'' မေမေ အန်တီတို့ကဘယ်မှာနေလို့အိမ်နီးချင်းဖြစ်ရတာလဲ...''
မှုံမေးသည့်မေးခွန်းကို ဒေါ်စောမေ ကပဲ
'' အန်တီတို့က သမီးတို့အိမ်ရဲ့ မျက်စောင်းထိုးအိမ်မှာ နေတာလေသမီးရဲ့ အခုရက်ပိုင်းလောက်က အန်တီ့အမေအိမ်မှာသွားနေဖြစ်လို့သမီးနဲ့မဆုံတွေ့ဖြစ်သေးတာ...''
ဒေါ်လင်းလဲ့လည်း ဒေါ်စောမေစကားကို ထောက်ခံသည့်အနေဖြင့် မှုံနှင့်ထက်ယံရှိရာဘက်သို့လှည့်ကာ
''ဟုတ်တယ် သမီးတို့ ကျောင်းသွားရင် တူတူသွားကြပေါ့... ''
အမေတွေစီကနေ ကျောင်းတူတူသွားဖို့ ခွင့်ပြုချက်ရသွားသောကြောင့် ထက်ယံတယောက် အပျော်ကြီးပျော်နေလေတော့သည် ။ မှုံမှာတော့ ထက်ယံ သူ့ကိုပြုံးပြီး ကြည့်နေတာရော အမေတွေပြောသည့်စကားတွေရော ကြားသောကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိချေ ။
'' ကဲ ဒါဆို အန်တီတို့ ပြန်လိုက်အုံးမယ် ။ လဲ့ရေ စောတို့ ပြန်ပြီနော် ။ ''
'' ဟုတ် အန်တီ ''
'' အင်းး စောရေ ''
ဒေါ်စောမေက မှုံတို့အား နှုတ်ဆက်ပြီး အိမ်အပြင်သို့သာရောက်တော့မယ် မင်းထက်ယံကတော့ အတွေးအိမ်ထဲမှာ နစ်မြောကာ ရယ်ကျဲကျဲ လုပ်နေသည့်အတွက် ဒေါ်စောမေ ကပဲ
'' သားလေး အိမ်ပြန်ဖို့ အစီအစဥ် ရှိသေးလား။ ဒါမှမဟုတ် ဒီမှာပဲ နေတော့မလို့လား...''
ဒေါ်စောမေလည်း ထက်ယံအား စချင်သောကြောင့် မှုံဘက်သို့ မျက်စပစ်ကာ ပြောလိုက်လေသည် ။
'' ဟာ မေမေကလည်း ဘာတွေပြောမှန်းမသိဘူး... ''
ဒေါ်စောမေ ပြောလိုက်သည့်စကားကြောင့် ထက်ယံတယောက် မျက်နှာပူသွားလေသည်။ မှုံကတော့ အိမ်ပေါ်ထပ်တက်သွားသောကြောင့် ဒေါ်စောမေ ပြောသည်ကို မကြားလိုက်ချေ။
YOU ARE READING
စေလိုရာစေ ( Completed )
Teen Fictionအချစ်ရေးတစ်ခုဟာသုံးပွင့်ဆိုင်ခဲ့သည်ရှိသော် တစ်စုံတစ်ယောက်ကတော့ နာကျင်မှုတွေနှင့်ကြုံတွေ့ရမည်မှာ သဘာဝပဲမဟုတ်လား ။ Re - Starting date >> 26.11.21 Ending date >> 23.12.21