Part...1

4.2K 203 24
                                    

For Unicode

ချလွင်...ချလွင်...ချလွင်...

မနက်စောစော ဆိုင်ဖွင့်စအချိန်တွင် Jiminနှင့် Yoongiမရောက်သေးတာကြောင့်Tae hyungတစ်ယောက်တည်း အလုပ်ရှုပ်နေသည်။လုပ်စရာရှိတာလုပ်ရင်း ပြန်ဆင်နေတုန်း တံခါးဝမှ ခေါင်းလောင်းလေးက အသံမြည်လာတာကြောင့် Tae hyung လှည့်ကြည့်လိုက်သည်။

Yoongiတို့လာတယ်အထင်နဲ့ မနှုတ်ဆက်မိတဲ့ Tae Hyungက ထိုလူကိုမြင်မှ ကမန်းကတန်းနှုတ်ဆက်လိုက်ရသည်။

"မင်္ဂလာပါခင်ဗျ"

ထိုလူက ဆိုင်ရဲ့ အတွင်းအကျဆုံးနေရာဖြစ်တဲ့ ညာဘက်ထောင့်ဆုံးဝိုင်းမှာ ဝင်ထိုင်ပြီး Menu cardကိုကြည့်နေသည်။ဝန်ထမ်းတွေလည်းမလာသေးတာကြောင့် လုပ်လက်စအလုပ်တွေကိုရပ်ကာ Tae hyung ထိုလူရှိသည့်ဝိုင်းကိုသွားပြီး ....

"ဧည့်သည် ဘာများသုံးဆောင်ပါမလဲခင်ဗျ"

"Doppio"

ခပ်ပြတ်ပြတ် ပြောလာတဲ့ ထိုcustomer။

"ဟုတ်ကဲ့ တစ်ခြားဘာများ မှာအုံးမလဲမသိဘူး"

"ရတယ် မမှာတော့ဘူး"

Doppioဆိုတော့လည်း doppioကိုဖျော်ပေးရမှာပေါ့။ဒါသူ့ရဲ့အလုပ်ပဲလေ။

Tae hyung ကြိတ်ပြီးသား ကော်ဖီမှုန့်​ေမွှးမွှေးလေးတွေကို portafilterထဲထည့်ပြီး သေချာဖိနှိပ်လိုက်သည်။ထို့နောက်စက်ကိုဖွင့်ပြီး စက္ကန့်အနည်းငယ်ကြာ စောင့်စားရသည်။

ထိုအချိန် Jiminနဲ့ Yoongiတို့နှစ်ယောက်ရောက်လာတာကြောင့် အနားခေါ်ပြီး ခပ်ကြိတ်ကြိတ်ဆူလိုက်သေးသည်။နောက်ကျနေပြန်တဲ့နှစ်ယောက်က မနေ့ကအသောက်လွန်သွားတာပဲဖြစ်ရမည်။အသက်ပြည့်ပြီးကတည်းက တစ်လတစ်ခါတော့ သောက်လိုက်ရမှ နေသာထိုင်သာရှိကြတဲ့ကလေးတွေကို Tae hyungလည်းမနိုင်ပါ။ဆူလိုက်ပြန်ရင်လည်း ခပ်ပြုံးပြုံးသာလုပ်နေတတ်ကြတော့လည်း ခက်သား။

ထိုအချိန် Jiminနဲ့ Yoongiတို့နှစ်ယောက်ရောက်လာတာကြောင့် အနားခေါ်ပြီး ခပ်ကြိတ်ကြိတ်ဆူလိုက်သေးသည်။နောက်ကျနေပြန်တဲ့နှစ်ယောက်က မနေ့ကအသောက်လွန်သွားတာပဲဖြစ်ရမည်။အသက်ပြည့်ပြီးကတည်းက တစ်လတစ်ခါတော့ သောက်လိုက်ရမှ နေသာထိုင်သာရှိကြတဲ့ကလေးတွေကို Tae hyungလည်းမန...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
We and Our cafe(Completed)Where stories live. Discover now