Final2

2.1K 84 20
                                    

For Unicode

လူအသွားအလာများသည့် လမ်းလေးတစ်ခု၏ ဆန့်ကျင်ဘက်တွင် ကောင်လေးတစ်ယောက်ဟာ တစ်နေကုန်၊တစ်ညလုံးရှိနေခဲ့သည်။

အခန်းတံခါးမှ ပြတင်းပေါက်လေးကို ခပ်သေးသေးဖွင့်ရင်း Taehyung ကြည့်မိတော့ မောင်ဟာ ရှိနေသေးသည်။
မုန်းပါသည်ဆိုသော်လည်း ချောင်ကျသွားသည့် ထိုမျက်နှာနှင့် ခန္ဓာကိုယ်အား သတိထားမိပါသေး၏။

မောင့်ကိုမဟုတ်ဘဲ Hyungကိုချစ်ခဲ့မိရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ဒါဆို ဒီဇာတ်လမ်းမှာ ဘယ်သူမှာနာကျင်ရတော့မှာမဟုတ်ဘူး။

ဒေါက်...ဒေါက်

ရုတ်တရက်ထွက်ပေါ်လာသည့် တံခါးခေါက်သံကြောင့် Taehyung ဆတ်ခနဲတုန်သွားရ၏။

"ဝင်ခဲ့ပါ...ဪ Hyung"

အခန်းထဲရောက်လာကာ Taehyungဘေး ဝင်ထိုင်တဲ့Hyungက ဖျော့တော့တော့အပြုံးလေးအား ဖန်တီးထားသေးသည်။

Hyungအပြုံးတွေက အသက်မဝင်ဘူးဆိုတာ သိရဲ့လား Hyung။

"Hyung မနက်ဖြန်ပြန်တော့မယ် ကောင်လေး..."

"ဗျာ...Hyung ငါးရက်ပဲရှိသေးတယ်လေ"

စိတ်မကောင်းဖြစ်သွားသည့် ကလေးငယ်၏ ဆံနွယ်လေးအား လက်ချောင်းများနှင့် ထိုးဖွလိုက်သည်။

"Hyung အလုပ်ကိစ္စတွေရှိလို့ပါ"

"Hyungလိမ်တယ်"

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေတဲ့ ကလေးငယ်ကြောင့် NamJoon ပျာပျာသလဲရှင်းပြမိသည်။Taehyungကို စိတ်ညစ်စေသူတွေထဲ သူမပါဝင်ချင်။

"Hyungကြောင့် မင်းရွေးချယ်ရခက်နေတာမျိုးကို Hyungမလိုချင်ဘူး ကလေးရယ်...မင်းပျော်ရာကို မင်းလုပ်နိုင်ပါတယ်...အနည်းဆုံးတော့ မင်းချစ်တဲ့ Hyungအဖြစ်ရှိနေရရင်ကို ကျေနပ်ပါပြီ"

ငိုရလွန်းလို့ မျက်ရည်မရှိတော့ဘူးလို့ ထင်ခဲ့ရတဲ့ Taehyungဟာ အခုတော့ Hyungအတွက် မျက်ရည်ကျတတ်ခဲ့ပြီ။
Hyungရင်ခွင်ထဲ တိုးဝင်ကာဖက်တွယ်မိ၏။

"Hyungအတွက် ကျွန်တော့် နှလုံးသားလေးက လှုပ်ရှားခဲ့ဖူးပါတယ်...အချစ်ဆိုတာကတော့ တစ်စုံတစ်ယောက်အတွက်ပဲ ဖြစ်တည်ခဲ့ဖူးတာမလို့ ကျွန်တော်ကိုယ်ကျွန်တော်လည်း မုန်းတယ် Hyung..."

We and Our cafe(Completed)Where stories live. Discover now