Part...14

1.2K 91 4
                                    

For Unicode

တဒီဒီမြည်နေတဲ့ ဖုန်းသံကြောင့် JungKookစုတ်သတ်လိုက်မိသည်။ကိုက်ခဲနေတဲ့ ခေါင်းကို လျစ်လျူရှုကာ အတင်းကုန်းရုန်းထပြီး အိပ်ရေးပျက်စေသည့် ထိုဖုန်းကို နံရံဆီသို့ ပစ်ပေါက်လိုက်သည်။

"အခုမှပဲ နားညည်းသက်သာတော့တယ်...ကျစ်...ခေါင်းကိုက်လိုက်တာကွာ"

ထိုးကိုက်နေသည့် ခေါင်းကြောင့် နဖူးကြောတို့ထောင်လာသည်အထိ သူမျက်မှောင်ကြုတ်ထားလိုက်သည်။ခေါင်းကိုက်ပြေလိုပြောငြား လက်တစ်ဖက်ကို သုံးရင်း နှိပ်နှယ်ကြည့်ပေမဲ့ ထူးမခြားနား။
အနံ့အသက်မကောင်းသည့် အခန်းကြောင့် အန်ချင်စိတ်ပါဖြစ်လာမိသည်။အခန်းကြောင့်တင်လားဆိုရင်တော့ မဟုတ်၊ညကသောက်ထားခဲ့သည့် ပုလင်းအရေအတွက်ဟာလည်း နည်းနည်းနောနောမှ မဟုတ်ဘဲ။

"ကျက်သရေမဲ့လိုက်တဲ့ မနက်ခင်းပဲ"

အားအင်ကုန်ခန်းနေသည့် ခြေထောက်တို့ကို အားပြုရင်း ကုတင်ပေါ်မှထကာ သန့်စင်ခန်းကို ဝင်ရသည်။ဘေစင်က
ရေနဲ့မျက်နှာတစ်ခုလုံးကို ဆေးကြောသန့်စင်လိုက်မှ နောက်ကျိနေသည့်စိတ်တို့ဟာ အနည်းငယ်သက်သာလာသယောင်။

မှန်ထဲမှ ကိုယ့်မျက်နှာကိုယ်ကြည့်ရင်း အားမလိုအားမရဖြစ်ကာ တောက်တစ်ချက်ခေါက်လိုက်မိသည်။

ဝမ်သိန်း (၇၀)ဆိုတာ နည်းနည်းနောနောမဟုတ်မှန်း သူသိသည်။သို့သော် ရဖို့မခက်ခဲမှန်းလည်း သူသိသည်။ဒါ့ကြောင့် သူစိတ်ပူနေတာ ပိုက်ဆံကိစ္စမဟုတ်။
ခနဲ့ပြုံးပြုံးကာ လှောင်ရယ်နေသည့် မျက်နှာကို မြင်ယောင်မိတော့ ရှေ့ကမှန်းကို အားပြင်းပြင်းနဲ့ ထိုခွဲချလိုက်မိသည်။

TaeHyungနဲ​့ တွေ့ပြီးအပြန်မှာ မရည်ရွယ်ပါဘဲ ဦးတည်လာလိုက်မိတာက ကာစီနိုဝိုင်း။တစ်ပွဲကနေ နှစ်ပွဲ အနိုင်ရလာတဲ့အခါ လူက ယုံကြည်ချက်အပြည့်ရှိလာသည်။ငွေamountကြီးကြီးကို အသုံးပြုမိလာသည်။

တဖြေးဖြေး ကိုယ့်ဘက်က အရေးနိမ့်လာတော့လည်း အဆုံးမသတ်မိ။ရှုံးမဲမဲချင်ကာ နောက်မဆုတ်တမ်း ဆက်လိုက်နေမိသည်။အရှုံးပေါ်အရှုံးထပ်လာရင်း နောက်ဆုံးမှာ သူတင်လာသည့် အကြွေးက ဝမ်သိန်း(၇၀)။ပါလာတဲ့ ကဒ်ထဲက ငွေတွေအားလုံးဟာလည်း လုံးပါးပါးပြီး တစ်ပြားတစ်ချပ်မှမရှိတော့။ဘဏ်အကောင့်ထဲက ငွေကလည်း သုံးလို့မဖြစ်တဲ့ ငွေတွေ၊နောက်ပြီး ဘယ်လောက်မှလည်းမများ။

We and Our cafe(Completed)Where stories live. Discover now