Part...28

1.1K 78 11
                                    

For Unicode

ဂျင်ဝိုင်းမှာ ဝိုင်းကောင်းနေချိန် Jungkookဖုန်းလေးဟာ အသံအချို့ထွက်ပေါ်လာပြီး မျက်နှာပြင်လေးဟာလည်း လင်းလက်လာခဲ့သည်။

'အချစ်' ဆိုသည့် နာမ်စားလေးအား မြင်တွေ့လိုက်ရတော့ နှုတ်ခမ်းတွန့်ရုံ ပြုံးမိပါ၏။

ကျီစယ်ချင်စိတ်ကြောင့် ဆွဲချလိုက်တော့ နောက်တစ်ကြိမ်ထပ်ခေါ်သည်။ဒီလိုနဲ့ တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်မြောက်တဲ့ထိ Jungkook စနောက်လို့ကောင်းတုန်း။

ထပ်ပြီးဆက်သွယ်လာမှာကို မျှော်လင့်ခဲ့ပေမယ့် လေးကြိမ်မြောက်ဆိုတာကလေးက ဖြစ်ပေါ်မလာတော့ ဒေါသထွက်ရသည်။

စိတ်မကြည်တာနဲ့ တစ်ပြိုင်နက် အပြောအဆို၊အပြုအမူတွေကအစ အမှားအမှားအယွင်းယွင်း။ရှုံးပြီးရင်း ရှုံးလာပြန်တာကြောင့် ထိုနေရာမှ ဝုန်းဒိုင်းကြဲလျှက် ပြဿနာရှာ ရန်ဖြစ်ကာ ထွက်လာခဲ့သည်။

"တောက်ခ်...သောက်ရေးမပါတာတွေ။KimTaeHyung ခင်ဗျားကလည်း ကျုပ်ကို အသည်းယားအောင်တော့ သိပ်လုပ်တယ်နော်...သူ့အလှည့်ကျ လက်လျှော့တာ မြန်လိုက်တာ...ကျစ် စိတ်ရှုပ်စရာ"

...

မျက်စိနှစ်လုံးဖွင့်ချိန် အမြင်အာရုံဟာ ဝေဝါးနေဆဲ။ဆေးနံ့တို့ မွှန်ထူနေတဲ့ ပတ်ဝန်းကျင်ကြောင့် အသိဝင်ကာ ကုန်းရုန်းထလိုက်မိသည်။

"အဖေ..."

TaeHyung ကုတင်ပေါ် ထထိုင်လိုက်တော့ ဘေးနားမှာ ထိုင်နေတဲ့ Namjoonက လက်ကလေးကို ဆုပ်ကိုင်ကာ စိတ်မကောင်းဟန်မျက်ဝန်းတွေနဲ့ အသံတိတ်အားပေးစကားဆိုသည်။

"မဟုတ်ဘူးလေ။ဘာလို့ ဒီလိုဖြစ်ရမှာလဲ...ကျွန်တော်ဘာမှ အဆင်သင့်မဖြစ်သေးဘူးလေ Hyungရာ..."

ခေါင်းငိုက်စိုက်ကျလျက် ခိုးငိုနေသည့် TaeHyungအား Namjoon ဒုတိယအကြိမ်အဖြစ် ရင်ခွင်ထဲ ခိုဝင်စေကာ နှစ်သိမ့်မိသည်။

ဘာရည်ရွယ်ချက်မှမပါဘဲ ကောင်လေးစိတ်ပြေစေချင်ရုံ အဖြူထည်သက်သက်ပါ။

"ကျွန်တော် အဖေနဲ့ တွေ့ချင်တယ်...ကျွန်တော်...ဟင့် ကျွန်တော် ဘယ်လောက်ထိအိပ်ပျော်နေခဲ့တာလဲ။Hyungကရော ဘယ်လို​ေရာက်လာတာလဲ"

We and Our cafe(Completed)Tempat cerita menjadi hidup. Temukan sekarang