For Unicode
ပတ်ဝန်းကျင်က အရောင်အသွေးစုံလင်တဲ့ မျက်လုံးမျိုးစုံကို Jimin ရှောင်လွှဲမိနေသည်။စူးစမ်းနေကြသည့် အကြည့်တွေဟာ သူနှင့် YoonGiထံသို့ ကျရောက်နေ၏။
ဒါတွေဟာလည်း YoonGiရဲ့ လက်ချက်တွေသာ။အပြစ်ဆိုရမလား၊စိတ်ဆိုးရမလား သူမဝေခွဲတတ်။
"MinYoonGi...အဲ့တာက အတည်မဟုတ်ကြောင်း ပြန်ရှင်းပေးကွာ...လုပ်ဦး ငါရှက်လာပြီ"
YoonGiရဲ့လက်ကိုတိုးက ခပ်တိုးတိုးလေးပြောနေသည့် Jimin၏ နှုတ်ခမ်းဖူးလေးမှာ မဆိုသလောက်လေး ဆူထော်နေသည်။
YoonGi နှုတ်ခမ်းလေးတွန့်ရုံ ပြုံးလိုက်မိ၏။ပြီးနောက် မျက်နှာကို ချက်ချင်းတည်လိုက်သည်။
"မင်းက ငါ့ရည်းစားဖြစ်ရတာကို ရှက်လို့လား Jimin"
"ဘာရည်းစားလဲ...မင်းနော် ဘာလို့ ဇွတ်ရည်းစားချည်းပြောနေတာလဲ...ငါလည်းမင်းကို ဘယ်တုန်းကမှ ရည်းစားစကားမပြောဖူးဘူးနော်"
"ဒါဆို မင်းငါ့ကိုမချစ်ဘူးလား...ငါကတော့ မင်းကိုချစ်တယ် စွာစိလေးရဲ့"
ခပ်အေးအေးပြောလာသည့် YoonGiရဲ့စကားသံဟာ အလှမ်းမဝေးသည့် ဘေးပတ်ဝန်းကျင်ကလူအချို့ ရှင်းရှင်းလင်းလင်းကြားရဖို့ထိလုံလောက်သည်။
Jimin မရှက်နိုင်သေးပါ။
ရုတ်တရက်ကြားလိုက်ရသည့် ချစ်စကားက သူ့ကို စိတ်လှုပ်ရှားစေသည်။ဒီထက်ပိုပြီး လေးလေးနက်နက်ပြောရရင် ရင်ခုန်မိပါ၏။ခေါင်းငုံ့နေရာမှ မဝံ့မရဲမော့ကြည့်မိလိုက်စဉ် YoonGi၏ အရောင်တောက်တောက်မျက်ဝန်းတို့နှင့် ဆုံသည်။အေးစက်သည့် အကြည့်တွေအစား နေရာယူနေသည်က မြတ်နိုးမှုအပြည့်နှင့် အကြင်နာများ။
YoonGiဟာ Jimin၏ ရှက်သွေးဖြန်းနေသည့် မျက်နှာလေးကို အကဲခတ်ရင်း နူးညံ့စွာပြုံးရယ်ခဲ့သည်။
"ချစ်တာကိုသိတာမလို့ မင်းမဖြေချင်လည်း ရတယ် Jimin...အဲဒီအစား ငါကမင်းချစ်သူဆိုတာကိုတော့ အသိအမှတ်ပြုပေး။ငါ့ဘက်ကလည်း ဒီလောက်ထိသတ္တိရှိနိုင်အောင် မနည်းကြိုးစားခဲ့ရတာမလို့"
YoonGi၏ ဆွဲဆောင်မှုအပြည့်နဲ့ ရူးသွပ်ဖွယ်စကားများအား ကြားရတော့ အားလုံးမှာ ဝိုးဝိုးဝါးဝါးဖြစ်ကုန်ကြသည်။အသဲတယားယား ရင်တလှပ်လှပ်နဲ့ Live showကြည့်နေရသလို ခံစားချက်ကို ဘာနဲ့မှမလဲနိုင်။
VOCÊ ESTÁ LENDO
We and Our cafe(Completed)
Fanficမင်းရယ် ကျွန်တော်ရယ် ကျွန်တော်တို့ Cafeလေးရယ်... OTP-TaeKook(Not SE) JungKook × Taehyung × NamJoon Started date-8.12.2021 End date-3.10.2022 Idol imageကို ထိခိုက်စေဖို့မရည်ရွယ်ပါ။ ကြမ်းတမ်းတဲ့စကားတွေကြောင့် အဆင်မပြေဖြစ်ခဲ့ရင် wp messengerမှာဖြစ်စေ၊F...