Extra

2.9K 119 40
                                    

Finalကို ဖျက်စီးလိုက်သလိုဖြစ်သွားလားမသိပေမယ့် ရှင်တို့ရဲ့ စိတ်မကောင်းဖြစ်နေတဲ့ Mentကြီးတွေကြောင့် ကိုယ်တွေထားခဲ့တဲ့ Extraကို ရေးပးခဲ့ပါတယ်။အစကအချိန်ဆွဲချင်သေးပေမယ့် အခုတော့ညတွင်းချင်းရေးခဲ့ပြီ။

အရှေ့က Finalကို စိတ်တိုင်းကျခဲ့ရင်တော့ မဖတ်စေချင်ပါဘူး။
Vibeက လုံးဝကွဲပြားနေနိုင်တာမလို့ပါ။

ပေါ့ပေါ့တန်တန်ဖြစ်နေခဲ့ရင် တောင်းပန်ပါတယ်။

ခုချိန်ထိသဘောကျပြီး Ongoingလိုက်ပေးခဲ့တဲ့လူ တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။

________________________

For Unicode

ရှုပ်ယှက်ခတ်နေသည့် လမ်းမနှင့် ကွဲပြားနေသည့် ဆိုင်လေး၏တစ်နေရာတွင် စကားသံတို့ တိတ်ဆိတ်နေခဲ့သည်။
ရှိုးတိုးရှန့်တန့်ဖြစ်နေသလို ခံစားမှုကြောင့် တစ်မျိုးတစ်မည်ခံစားရ၏။

"Hyungဒီကိုဘယ်လိုရောက်လာလဲ မသိချင်ဘူးလား"

တစ်ဖက်မှစကားစလာတာကြောင့် Taehyung မျက်ခုံးပင့်လိုက်မိသည်။

"သိချင်တယ် Hyung..."

Hyungက သူ့မူပိုင်အပြုံးကြီးနှင့် ပြုံးရယ်၏။

"Hyungကို ချစ်ပေးနိုင်မလား ကောင်လေး"

အကဲစမ်းသလို မေးမြန်းလာသည့် Hyungအား မျက်နှာလေးငယ်ရင်းသာ တုံ့ပြန်လိုက်မိသည်။

"အဟား...Hyung ခန့်မှန်းပြီးသားပါ။ခြောက်လနီးပါးကြာသွားခဲ့တာတောင် မင်းရွေးချယ်မှုက သူဖြစ်နေတုန်းပဲ"

Hyungအပြောကြောင့် Taehyung ခါးလေးပင်မတ်သွားရသည်။TaeHyung မေ့နိုင်ပြီ၊ရက်စက်နိုင်ပြီ ထင်နေခဲ့တာလေ။
Taehyung ကိုယ့်ရဲ့မာနကို ကိုးကွယ်ရင်း မောင့်အတ္တတွေကို အနိုင်ယူခဲ့ပြီးပြီလေ။
ခုထိ ရှုံးနိမ့်နေတုန်းလား။

"မနေ့က JeonJungKook ရောက်လာခဲ့တယ်...မင်းပြန်ရောက်နေပြီမလို့ မင်းအနားမှာ ရှိနေပေးပါတဲ့"

Taehyung ငေးငေးငိုင်ငိုင်ဖြစ်သွားခဲ့သည်။အတွေးစတို့ဟာလည်း လွန်ခဲ့သောနှစ်ရက်ဆီသို့  ရောက်ရှိခဲ့၏။

We and Our cafe(Completed)Donde viven las historias. Descúbrelo ahora