Part...9

1.6K 106 4
                                    

For Unicode

"Latteက expressoနဲ့ steamed milk 3:1 ဒါမှမဟုတ် 5:1 ဟုတ်တယ်မလား...အဲ့ဒါကိုမှ အပေါ်က အမြှုပ်လေးတွေထည့်ရတာ"

"Hyung မှားနေတယ်နော်"

"ဟင်"

အငယ်လေးနှစ်ယောက်မရှိတဲ့နောက် တဖြေးဖြေးအလုပ်ပိုလာပြီဖြစ်တာကြောင့်
လူရှင်းတဲ့အချိန်လေးတွေမှာ NamJoon hyungကို ကော်ဖီဖျော်နည်းသင်ပေးနေခြင်းဖြစ်သည်။

ပြောလိုက်ရင် လက်မတထောင်ထောင်နဲ​့ 'Hyungသိပြီ' လို့ ပြောတတ်တဲ့ Namjoon hyungကို ဉာဏ်ကောင်းလိုက်တာလို့ ချီးကျူးမိတာအခါခါ။
အခုတော့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲလေပြီ။

Hyungဖျော်ပေးတဲ့ ဒီLatteသည် သောက်ဖူးခဲ့သမျှထဲတွင် အခါးဆုံးပင်။ဘယ်လိုဖြစ်ရတာလဲ သိချင်လို့ မေးလိုက်မှ အဖြေပေါ်တော့သည်။ဘယ့်နှယ့် အချိုးမှားထည့်ရတယ်လို့။

"မဟင်နဲ့ ဒီဟာကြီးကို Hyung မြည်းကြည့်ပါဦးဗျာ..."

သူ့အပြောကြောင့် သူ့လက်ထဲက latteကို ဆွဲယူကာ တစ်ငုံသောက်ကြည့်တဲ့ Hyung။သောက်ပြီးပြီးချင်း ဖြစ်သွားသည့် မျက်နှာကို ကြည့်ကာ သူပင်ရယ်မိသွားသည်။ပါးစပ်ကြီးကိုဟထားပြီး လျှာကြီးထုတ်ကာ မျက်မှောင်ကြီးလည်း ကျုံ့ထားသေးသည်။

"Expressoနဲ့ နို့က 1:3နဲ့ 1:5ပါဗျာ...ဘယ့်နှယ့်ဖြစ်လို့ ပြောင်းပြန်တွေဖြစ်ကုန်ရတာလဲ"

အတော်ခါးသွားပုံရသော hyungက ရေတွေပါသောက်နေရသည်။သူ့စကားကြားတော့ ရေသောက်နေရင်းကနေ မျက်နှာချို သွေးပြီး ရယ်ပြနေသေးတာ။

"နည်းနည်းလေးလွဲသွားတာပါ Bearလေးရဲ့...ဒီလိုလုပ်လေ Hyungကိုမုန့်ဖုတ်နည်းတွေပဲ သင်ပေး...ဒါဆို အဆင်ပြေမယ်မလား"

"အင်း...hyungပြောတာလည်းမဆိုးပါဘူး...ဒါပေမဲ့ ကျွန်​ေတာ်က မနက်စောစောထပြီး မုန့်လုပ်တာဆိုတော့ Hyungနိုးပါ့မလား"

"မနိုး-နိုးအောင် ထရမှာပေါ့...အဆင်ပြေတယ်မလား"

အဆင်ပြေကြောင်းကို ခေါင်းညိတ်ကာ ပြလိုက်တော့ Hyungက ပါးချိုင့်အကြီးကြီးကို ဖန်တီးကာ အပြုံးလှလှကိုပေးသည်။

We and Our cafe(Completed)Where stories live. Discover now