Part...26

1.1K 86 6
                                    

For Unicode

"Hyung"

နောက်ပါးထံမှ ထွက်ပေါ်လာသည့် ဩရှရှအသံလေးတစ်ခု။

လှည့်ကြည့်လိုက်မိတော့ ခပ်နက်နက်မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းဆုံသည်။
မရိုးသားတဲ့ကိုယ့်ဘက်ကပဲစပြီး အကြည့်လွှဲမိတော့ ကောင်ငယ်လေးဆီက ရယ်သံသဲ့သဲ့ထွက်လာ၏။

"ငါ့Hyungကတော့ ဘယ်အချိန်ကတည်းက အလုပ်ထွက်ချင်နေတာလည်းမသိဘူး တက်ကြွနေတော့တာပဲ"

မဟုတ်ပါဘူး ကလေးရယ်။Hyungက မင်းနဲ့အတူ ညစာစားဖို့ ရင်ခုန်နေရုံပါ။

"ဘယ်ဆိုင်သွားမလဲ Bearလေး...ဒီနေ့တော့ Hyungဒကာခံမှာနော်"

"ဘယ်ဖြစ်ဖြစ်ပါ ကျွန်တော်က Hyungကိုတောင် အားနာနေတာ။ဒါနဲ​့ Yoongiနဲ့ Jiminပါရင် ပိုပျော်စရာကောင်းမှာပဲနော်"

နယ်ပြန်သွားတဲ့ ညီငယ်တွေကို လွမ်းနေပြန်တဲ့ TaeHyungလေး။

"ဟုတ်ပါ့...ကိစ္စတော့မရှိပါဘူး Hyungတို့ နောက်လည်း တွေ့အုံးမှာပဲကို"

Hyungပြောတာလည်း မမှားတာကြောင့် TaeHyung ခေါင်းတဆတ်ဆတ်ညိတ်နေလိုက်သည်။ပိုကောင်းတဲ့အလုပ်တစ်ခုကို ပြောင်းရွေ့သွားမှာဖြစ်လို့ မတားမြစ်ခဲ့သော်လည်း အချိန်အကြာကြီး အတူတူအလုပ်လုပ်ခဲ့တာကြောင့် စိတ်တော့မကောင်းမိ။

"TaeHyung...ခေါက်ဆွဲအေးစားမလား"

"ဟုတ်...စားကြမယ်လေ"

Hyungခေါ်လို့သာ လိုက်ခဲ့ပေမယ့် TaeHyung ဗိုက်တော့ သိပ်မဆာပါ။
ပုံမှန်လည်း ညစာက မောင်နဲ့အတူစားတာဆိုတော့ အများကြီးစားခဲ့လို့မဖြစ်။
မောင်ကသူ့ကို ညစာစားဖို့စောင့်နေမှာသေချာသည်။အခုတောင် မောင့်ကို အတော်တစ်ပတ်ရိုက်ခဲ့ရတာ။ညစာမစားရင် မောင်သံသယဝင်နိုင်သည်။

TaeHyung မောင်နဲ့ ချစ်ချစ်ခင်ခင်သာ နေချင်ပါ၏။

"စားရတာ အဆင်ပြေရဲ့လား ကလေး"

လွှတ်ခနဲထွက်သွားပြန်သည့် နာမ်စားလေး။ကောင်ငယ်လေးဆီက ထူးခြားတဲ့ တုံ့ပြန်မှုရမလာမှ စိုးရိမ်စိတ်တွေ ပြေလျော့ရသည်။တကယ်ဆို သူအတော်ဘောင်ကျော်နေမိတာမလား။

We and Our cafe(Completed)Wo Geschichten leben. Entdecke jetzt