Part...7

1.6K 115 2
                                    

For Unicode

အဖေ့ဆီကအပြန် ဆရာဝန်ပြောတဲ့ စကားတွေကိုပဲ သူ့နားထဲပြန်ကြားယောင်နေမိသည်။တဖြေးဖြေးနဲ့ သူအဖေ့ကို စွန့်လွှတ်ရဖို့ နီးနေပြီထင်ပါရဲ့။

ဆေးရုံအပေါက်နားရောက်တော့ လူနာရှင်တွေအတွက် လုပ်ထားတဲ့ ထိုင်ခုံပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ကာ ဖုန်းကိုင်နေသူကို သူသတိထားမိလိုက်သည်။မျက်နှာကလည်း ပြုံးစိစိနှင့်။

ဪ ဘယ်သူထိခိုက်လို့ ဆေးရုံရောက်နေတာလဲမသိပေမဲ့ သူကတော့ အတော်ဝမ်းနည်းနေပုံပင်။

ကိုယ်နဲ့မဆိုင်တာကြောင့် အေးအေးလူလူပဲ သူ့ရှေ့ကနေဖြတ်သွားလိုက်သည်။ထို့နောက် Bus carမှတ်တိုင်လေးတွင် Bus carအလာကို စောင့်ဖို့ တွေးထားသည်။သို့သော် Bus carက တန်းရောက်လာတာကြောင်​​့စောင့်ပင်မစောင့်လိုက်ရပါ။

Jung kookလည်း ဖုန်းကိုင်နေရင်းမှ အပြင်ကိုရုတ်တရက် ကြည့်လိုက်မိတော့ စောင့်မျှော်နေသူလေးရဲ့ အရိပ်သဲ့သဲ့ကို ခပ်လှမ်းလှမ်းမှာ ဖျက်ကနဲတွေ့လိုက်ရသည်။
လက်ထဲကဖုန်းကို ပိတ်ပြီး အပြင်ကိုပြေးထွက်လိုက်တော့ ကားပေါ်တက်သွားပြီဖြစ်တဲ့ အရုပ်လေး။

ထို့ကြောင့် ဆိုင်ကယ်ကိုယူမနေတော့ဘဲ ရရာtaxiကို ငှားကာ သူပါသွားသော Bus နောက်လိုက်ရသည်။ခပ်နှေးနှေးမောင်းနေသော ကားသမားကို စိတ်မရှည်တာကြောင့် အမြန်မောင်းခိုင်းရင်း ရန်ဖြစ်မလိုတောင် ဖြစ်ရသေးသည်။

Tae Hyung အိမ်လမ်းထိပ်ကိုရောက်ပြီဖြစ်တာကြောင့် Busပေါ်ကဆင်းကာ လမ်းလျှောက်ရင်း တရွေ့ရွေ့သွားနေပြီဖြစ်သည်။ထိုစဉ် နောက်က တစ်ဖက်ဖက်နှင့် လူတစ်ယောက်ပြေးလိုက်လာသလို အသံတွေကြားနေရတာကြောင့် သူဘာမှမတွေးဘဲ ထွက်ပြေးလိုက်မိသည်။သူ့နောက်မှ ထက်ကြပ်မကွာပါလာတဲ့ ခြေသံတွေကလည်း သိပ်ကိုထူးဆန်းနေသည်။

ပြေးလွှားရင်း ခေါင်းထဲရောက်လာတဲ့အတွေးက သူ့နောက်လိုက်နေတာ ဘယ်သူလဲ၊သူကရော ဘာကိုကြောက်နေတာလဲ၊ဘာလို့ပြေးနေရတာလဲ။

စိတ်ကိုဒုန်းဒုန်းချပြီး ရုတ်တရက် ပြေးနေတာကိုရပ်ကာ နောက်ကို ဆတ်ခနဲလှည့်ကြည့်လိုက်တော့ မြင်လိုက်ရသူကြောင့် သူအံ့ဩမိသည်။

We and Our cafe(Completed)Where stories live. Discover now