Part...13

1.4K 87 6
                                    

For Unicode

အထူးတလည် ကိစ္စရပ်တွေမရှိဘဲအလုပ်လုပ်ရင်းသာ အချိန်တွေကုန်ဆုံးခဲ့ရတော့ တစ်လတစ်လကုန်တာကိုတောင် သိပ်မြန်နေတယ်လို့ ခံစားရသည်။နေ့ရက်တိုင်းက ပုံမှန်လိုဖြစ်နေသဖြင့် အချိန်ကုန်သည်ကိုပင် မသိလိုက်ရ။

(၁၀)လပိုင်းရဲ့ လကုန်ရက်နီးလာပြီဖြစ်လို့ တစ်လစာ ဝင်ငွေထွက်ငွေကို တိကျသေချာအောင် စစ်ဆေးရအုံးမည်။

ဆိုင်အတွက် လိုအပ်သည်တို့ကိုလည်း ဝယ်ကာဖြည့်ရမည်။အဖေ့အတွက် ဆေးရုံစရိတ်ကိုလည်း ပေးရမည်။ကိုယ်တိုင်အတွက် ကုန်ကျသည့်စရိတ်စကနဲ့လည်း ချိန်ဆရအုံးမည်။NamJoon Hyungအား လစာပေးရမည်။

ဒီလလည်း ရှေ့လတွေကလိုပါပဲ။ဘာမှထူးထွေပြီး ပြောင်းလဲသွားတာတော့မရှိ။
သို့သော် သူ့အတွက် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ချို့တော့ ရှိခဲ့ပါသည်။
သူ့ဝဲဘက်ရင်အုံအောက်မှာ တဒုတ်ဒုတ်လှုပ်ရှားနေတဲ့ နှလုံးသားလေးရဲ့ ပိုင်ရှင်အဖြစ် တစ်စုံတစ်ဦးကို အပ်နှင်းခဲ့ခြင်းပင်။

တွဲခဲ့တဲ့တစ်လျှောက်မှာ လှပတဲ့အမှတ်တရတွေကို များများစားစားမဖန်တီးနိုင်ခဲ့သေးပါ။အမြဲတမ်းအလုပ်များနေတဲ့ TaeHyungနဲ့ အပျော်အပါးမက်သည့် JungKook။သူတို့ရဲ့တွေ့ဆုံချိန်ဟာ နေ့လည်ထမင်းစားချိန်၊သို့မဟုတ် ညနေအလုပ်ဆင်းချိန်မှညအချိန်ထိသာရှိပါသည်။

JungKookအပြောကတော့ အလုပ်ကိုကြိုးစားလုပ်ဖို့ ကြိုးစား​ေနပါတယ်တဲ့။
ဘယ်လိုပဲဖြစ်ဖြစ် TaeHyungဟာ JungKookရဲ့ စကားတွေကို ယုံကြည်သည်။ထုတ်မပြောခဲ့ပေမဲ့ သူ့ရင်ထဲမှာ JungKookဟာ ခန့်မှန်းလို့မရလောက်တဲ့အထိ နေရာယူနေခဲ့ပါပြီ။ဒီအရာတွေကို သူပြောပြဖြစ်ဖို့ကတော့ မသေချာသေးပါ။သေချာတာကတော့ JungKookသည်လည်း TaeHyungနည်းတူ TaeHyungကို ချစ်ခင်မြတ်နိုးစိတ်အပြည့်ရှိပါသည်။

...

"Hyung...ကျွန်တော် ဝန်ထမ်းအသစ်တစ်ယောက်လောက် ထပ်ခေါ်ရင်ကောင်းမလားလို့ တွေးနေတာ"

"ကောင်းပါတယ် TaeHyungရဲ့...အမှန်အတိုင်းပြောရရင် Hyungက အဖျော်ပိုင်းလည်းမရ၊မုန့်လုပ်တဲ့အပိုင်းလည်းမပိုင်ဆိုတော့ TaeHyungအလုပ်တွေပိနေရတယ်လို့ တွေးနေတာ"

We and Our cafe(Completed)Where stories live. Discover now