Part...8

1.6K 100 0
                                    

For Unicode

ကို်ယ့့်ကိုယ်ကို အချစ်ရေးအချစ်ရာမှာ ပိုင်နိုင်လွန်းလှပြီထင်ခဲ့တာ ဒီhyungပေါက်စနဲ့မှပဲ ဈာန်လျှောရတော့သည်။မိန်းကလေးတစ်ယောက်ကို ဘယ်လိုချဉ်းကပ်ရမလဲသိပေမဲ့ ယောကျာ်းလေးတစ်ယောက်ကို ချဉ်းကပ်ဖို့ကတော့ ထင်သလောက် မလွယ်ကူခဲ့ပါ။

ဒါပေမဲ့ ကျရှုံးသည်လည်း မဟုတ်ပြန်။
ဒီတစ်လအတွင်း သူတို့နှစ်ယောက်ရဲ့အ​ေခြအနေဟာ အစောပိုင်းကာလတွေထက်
ပိုမိုကာတိုးတက်လာသည်။သူအနားကပ်လိုက်တာနဲ့ ကျားပေါက်လေးလို ရန်လိုကာ လက်ပါလာတဲ့ hyungလေး။အထိုးခံရသည်မှာလည်း (၅)ကြိမ်နဲ့ အထက်ပင်။

Tae hyung အလုပ်ဆင်းချိန်တိုင်း Jung Kook သူ့အနောက်ခပ်ခွာခွာမှ အမြဲလိုက်လေ့ရှိသည်။

တစ်ခါတရံ ခပ်တည်တည်နှင့် လိုက်လာတတ်သလို၊တစ်ခါတရံမှာလည်း အထိုးအကြိတ်ခံကာ ပါးပြင်နုနုကို နမ်းရှိုက်သွားတတ်သည်။ထိုအခါ အံကြိတ်လျက် ဒေါသထွက်နေသည့် သူ့အချစ်မျက်နှာကို သူသိပ်သဘောကျမိပါရဲ့။

အခုနောက်ပိုင်းတော့ Tae Hyungက အရင်လောက် မတင်းကြပ်တော့ပါ။လာချင်ရင်လာ၊မလာချင်နေ သူ့အနားမကပ်ရင်ပြီးရောဆိုသည့် သဘောမျိုးနဲ့ထားသည်။လျစ်လျှူရှုတာလား၊နေသားကျသွားတာလားတော့ မပြောတတ်။

"တစ်ပတ်တစ်ခါလာတဲ့ အလုပ်လေးကိုတော့ အာရုံစိုက်ပေးပါဦးကွာ...ဒီလောက်တောင် Hyungမှိုင်းမိနေရသလား"

ခပ်ပြုံးပြုံးနဲ့ ငေးမောနေသည့်သူ့ကို Hoseokက သတိလာပေးသည်။သူတို့ချည်း အမြဲအလုပ်လုပ်နေရတော့ မကျေမနပ်ဖြစ်နေပုံပင်။

"ငါ့အချစ်နဲ့ တွဲဖြစ်တဲ့အခါ မင်းတို့ကို တစ်ဝို်င်းကျွေးပါ့မယ်...မငြိုငြင်စမ်းနဲ့..."

"ဟောဗျာ...ခင်ဗျားက ကျွန်တော့်ကို ပြန်အပြစ်တင်နေတာလား Jeon Jung Kook shi ..."

ဆောင့်ဆောင့်အောင့်အောင့် ပြောလာတာကြောင့် သူမသိချင်ယောင်ဆောင်ကာ နေရာမှထွက်လာလိုက်တော့သည်။မဟုတ်ရင် ပွစိပွစိအသံတွေကြားနေရတော့မှာ။

ဆိုင်စာရင်းတွေနဲ့ပတ်သတ်ပြီး လေ့လာနေရတာမလို့ Seok Jinကို ဆရာတင်ထားရသည်။သူပေးထားတဲ့ စာရင်းတွေကြည့်နေတုန်း ဖုန်းက alarmလာတာကြောင့်ဂျာကင်ကောက်ဝတ်ကာ ထွက်လာလိုက်သည်။

We and Our cafe(Completed)Where stories live. Discover now