Part...30

1.4K 91 18
                                    

For Unicode

ဆူဆူညံညံပတ်ဝန်းကျင်နှင့် ရှုပ်ယှက်ခတ်နေသည့် လူအသွားအလား။ဘူတာရုံတစ်ခု၏စည်ကားမှုကို လက်တွေ့ပြနေသည်။

လွယ်အိတ်တစ်လုံးကိုလွယ်ရင်း ရထားလက်မှတ်ဖြတ်ဖို့ နေရာဦးနေသည့် Jungkookမှာ သူ့အမျိုးသားအား မျက်စိအောက်တွင်သာနေပြီး စောင့်ခိုင်းထားသည်။တန်းစီးရင်ပင် လှည့်ကြည့်လှည့်ကြည့်လုပ်နေသည်မှာ စိတ်မချစွာပင်။

"လက်မှတ် ဘယ်နှစောင်ယူမှာလဲရှင့်"

"နှစ်စောင်ယူမယ်..."

ကောင်တာတွင် လက်မှတ်ရောင်းသည့် မိန်းမပျိုမှာ ချောချောလှလှ။အပြုံးချိုချိုလေးပါ ပေါင်းထည့်လိုက်တော့ ပြီးပြည့်စုံနေသည်။ကောင်လေးများဟာလည်း ထိုပတ်ဝန်းကျင်တွင် မယောင်မလည်နှင့်။

"ရပါပြီရှင်...ဒီမှာ နှစ်ယောက်စာပါ"

လက်မှတ်လေးကို ဆွဲယူကာ ထိုမိန်းကလေးကို မျက်စိလေးမှိတ်ပြလိုက်တော့ ရှက်သွားပုံရသည်။ခေါင်းလေးကို ငုံ့လို့။

တက်ကြွတဲ့ခြေလှမ်းတွေနှင့် ဟန်ပါပါလျှောက်ရင်း အချစ်ရှိရာကို ဦးတည်လိုက်သည်။

"သွားကြမယ် မောင့်အသက်"

လက်ဖဝါးလေးကို ဆွဲယူကာ ဆုပ်ကိုင်ပြီး ရထားကြီးဆီသို့ ဦးတည်ခဲ့သည်။
မပျော်ရွှင်ခဲ့ရတဲ့ရက်တွေအတွက် အစားထိုးကာ အချစ်ကို ပျော်စရာတွေရှာဖွေပေးချင်သည်။

သူတို့ရဲ့ မင်္ဂလာသက်တမ်း သုံးလပြည့်လေးကိုတော့ ပေါပေါပဲပဲမဖြတ်သန်းချင်ပါ။HoneyMoonဟု ခေါင်းစဉ်တက်ရင်း
အေးစက်လှသည့် ချစ်ရသူကို အပါခေါ်လာခဲ့သည်။တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်သွားသည်ကိုလည်း ကျေးဇူးတင်လို့မဆုံး။

"ရထားစီးဖူးလား အချစ်..."

"မောင်ကတော့နောက်ပြီ...မစီးဖူးစရာမှမရှိဘဲ"

Jungkookလိုချင်တာ ထိုကဲ့သို့သော KimTaeHyungပင်။ခေါင်းညိတ်ခေါင်းခါသာ တုံ့ပြန်တတ်သည့် KimTaeHyungမဟုတ်။

"အိပ်ချင်ရင် မောင့်ရင်ခွင်ထဲဝင်အိပ်လို့ရတယ်နော်...ဒီက အချစ်အတွက်ဆို ထာဝရ Welcomeပဲ"

We and Our cafe(Completed)Donde viven las historias. Descúbrelo ahora