Part...15

1.4K 91 10
                                    

For Unicode

"မခေါ်ချင်လို့ရတယ် မတော်ချင်လို့မရဘူး...သူ့ဘာသူ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ငါကသူ့သားပဲ။ငါရှာတဲ့ ပြဿနာ သူရှင်းရမယ်"

အဖေတူအမေကွဲ အစ်ကိုဖြစ်သူကြောင့် မာနထိခိုက်ရသော်ငြား ငွေကလည်း လိုအပ်နေပြီဖြစ်တာကြောင့် ရှေ့မျက်နှာနောက်ထားပြီး တောင်းရတော့မည်။ဟိုအရင်ကတည်းက မျက်နှာပြောင်ပြောင်နဲ့ လုပ်ချင်ရာ လုပ်ခဲ့ပြီးပြီပဲ ဒီလောက်နဲ့တော့ မျက်နှာပူမနေတော့ပါဘူး။

ဖုန်း contactထဲက 'သူဌေးကြီးJeon' ဆိုတဲ့လူရဲ့ ဖုန်းနံပါတ်ကို နှိပ်ကာ အကြိမ်ကြိမ်အခါခါ ခေါ်နေမိသည်။ဆွဲချခံလိုက်ရတဲ့ ဖုန်းcallလေးက တစ်ကြိမ်တောင် ပြန်လည်ဖြေကြားချင်းမရှိ။

"အဟက်...ခင်များက Jeon JungKookကို လာစမ်းနေတာပဲ"

JeonJungKookဆိုတာက သားရဲတစ်ကောင်လို လူမျိုး။သူ့ကို လာထိရင် သူက ဆယ်ဆပြန်ထိလိုက်ရမှ ကျေနပ်တတ်တာ။အေး သူက ထိရင်လည်း ငြိမ်ခံနေမှ။လျစ်လျူရှုတာမျိုး၊ပြစ်ပယ်ထားတာမျိုးဆိုရင် မိုးကောင်ကင်ကိုပါ မီးတက်ရှို့ပြီး ကမ္ဘာဖျက်ပစ်မှာ။

"ခင်များရက်စက်တာက ကျွန်တော့် ခြေဖျားပဲ ရှိအုံးမှာပါ...ပြတ်သားပြီးဆို လှည့်တောင်မကြည့်တတ်ဘူး...ဪ သိက္ခာလေးတော့ ချပြီးမှ ထွက်သွားမှာပါ"

HoSeokကို ဖုန်းဆက်ကာ Clubရှေ့ကို လာခေါ်ခိုင်းလိုက်သည်။သူတို့ပွားတာ ခံရအုံးမယ်ဆိုတာသိပေမဲ့ မတတ်နိုင်။လက်ထဲ ပိုက်ဆံဆိုလို့ တပြားတချပ်မှ မကျန်တော့တာမလို့ နားညည်းခံပြီး ခေါ်ရုံသာ တတ်နိုင်တော့သည်။

အခန်းထဲကထွက်ပြီး အပြင်သွားဖို့ပြင်တော့ မနေ့ညက အကောင်ကိုတွေ့သည်။

"ငါ့ပိုက်ဆံ သိန်း(၇၀)ကို တစ်ပတ်အတွင်းလိုချင်တယ်နော်...ထွက်ပြေးဖို့တော​့ မတွေးနဲ့ သတ်ပစ်မယ်"

"တစ်ရက်အတွင်း ရစေရမယ် စိတ်ချ။ပိုက်ဆံရလာတာနဲ့ မင်းမျက်ခွက်ကို ငွေနဲ့ လာပေါက်ပေးမယ်။ထမင်းဝဝစားပြီး စိတ်ချလက်ချစောင့်နေ"

အံကြိတ်လျက်ကျန်နေခဲ့သည့် ထိုလူရဲ့ ပုခုံးကိုတိုက်ကာ Clubအပြင်ကိုထွက်လာလိုက်တော့ အနက်ရောက်ကားတစ်စီး​က စီးကြိုနေသည်။

We and Our cafe(Completed)Tempat cerita menjadi hidup. Temukan sekarang